နိုဝင်ဘာ ၂၃ ရက်က မြောက်ကိုရီးယားနိုင်ငံဘက်က အမြောက်များဖြင့် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန် ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ရာ
ပြုံယမ်း၏လုပ်ရပ်ကို လက်တုံ့ပြန်သွားရန် လိုအပ်ကြောင်း တောင်ကိုရီးယားသမ္မတ
လီမြောင်ဘတ် က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နာရီအနည်းငယ်အကြာတွင်
ပြောကြားခဲ့သည်။
ယခုတစ်ကြိမ် ပစ်ခတ်မှုသည် တောင်ကိုရီးယားပိုင်နက်ကို ကျူးကျော်သည့် လုပ်ရပ်တစ်ခုအဖြစ် မှတ်ယူရမည် ဖြစ်ကြောင်း စစ်ဦးစီးချုပ် ရုံးဌာနချုပ်တွင် ဆွေးနွေးပွဲ ပြုလုပ်နေစဉ်
လီမြောင်ဘတ်က ပြောကြားခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟပ် သတင်းဌာနက
ဖော်ပြခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဖြင့်
ပြီးဆုံးခဲ့သော ကိုရီးယားစစ်ပွဲအပြီး နောက်ပိုင်း
တောင်ကိုရီးယားပိုင်နက်သို့ မြောက်ကိုရီးယားက အမြောက်များဖြင့်
တိုက်ရိုက်ပစ်ခတ်ခဲ့မှု ဖြစ်ပြီး တာင်ကိုရီးယား မရိန်းတပ်သားနှစ်ဦး
သေဆုံးခဲ့ကာ တောင်ကိုရီးယား စစ်သား ၁၅ ဦးနှင့် အရပ်သားသုံးဦး
ဒဏ်ရာရခဲ့ကြောင်း ယွန်ဟပ်က ဖော်ပြခဲ့သည်။  အရပ်သားများကို တိုက်ခိုက်မှုသည် ကြီးကျယ်သော ပြဿနာတစ်ခု ဖြစ်ကြောင်း၊ မြောက်ကိုရီးယားက ရန်လိုသော အမူအရာ ဆက်လက်ပြသနေပြီး တောင်ကိုရီးယား ကြည်း၊ ရေ၊ လေတပ်များက ညီညွတ်စွာဖြင့်
မြောက် ကိုရီးယား၏ ရန်စသော လုပ်ရပ်ကို လက်တုံ့ပြန်ရမည် ဖြစ်ကြောင်း
လီမြောင်ဘတ်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားကို လူသားချင်း
စာနာထောက်ထားမှု အကူအညီ ပေးနေစဉ် တောင်ကိုရီးယား အရပ်သားများကို
တိုက်ခိုက်မှုသည် လုံးဝ လက်သင့်ခံစရာ မကောင်းကြောင်း လီက ပြောကြားခဲ့သည်ဟု
ယွန်ဟပ်က ဖော်ပြခဲ့သည်။
ပင်လယ်ဝါရှိ အငြင်းပွားနေသော ယုံပြောင်ကျွန်းသို့ မြောက်ကိုရီးယားက အမြောက်ဆန် ၁၀၀ ခန့် ပစ်ခတ်ခဲ့ပြီး တောင်ကိုရီးယား စစ်ဘက်က အချက် ၈၀ ကျော် ပြန်လည် ပစ်ခတ်ခဲ့ကာ
တိုက်လေယာဉ်များကို တပ်စွဲခဲ့ကြောင်း၊ အပြန်အလှန် ပစ် ခတ်မှုမှာ တစ်နာရီခန့်
ကြာမြင့်ခဲ့ကြောင်း ကာကွယ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။ စစ်လေယာဉ်
၇၅ စီး တင်ဆောင်လာပြီး သင်္ဘောသား ၆၀၀၀ ကျော် လိုက်ပါလာသော နျူစွမ်းအင်သုံး
အမေရိကန် လေယာဉ်တင်သင်္ဘော USS George Washington သည်
တိုကျိုမြို့တောင်ပိုင်းရှိ ရေတပ်အခြေစိုက်စခန်းမှ ထွက်ခွာလာနေပြီး
နိုဝင်ဘာ ၂၈ ရက်တွင် တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှု၌
ပူးပေါင်းပါဝင်မည် ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ အမေရိကန် တာဝန်ရှိသူများက
ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် မြောက်ကိုရီးယားထံ ရေဘေး အကူအညီပေးမည့် အစီအစဉ်ကို တောင်ကိုရီးယားက ရပ်ဆိုင်းခဲ့ကြောင်း အမည်မဖော်လိုသော တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
http://www.news-eleven.com/







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment