၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နံနက် ၁၁း၀၀ နာရီအချိန်တွင် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးကျော်သူ နှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်၊အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ဟန်ထူးလွင် (ကျားပေါက်) နှင့် ဇနီး၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး
စသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများသည် တောင်ဒဂုံရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အမျိုးသမီးခေါင်းဆောင် မဖြူဖြူသင်း ထူထောင်ဖွင့်လှစ်ထားသော HIVရောဂါဝေဒနာရှင် များနားခိုရာဂေဟာသို့သွားရောက်လှူဒါန်းခဲ့ပြီး ရက်သတ္တပါတ်အတွင်းမှာပင် အခုလို ပိတ်ပင်ခံရတာ ဖြစ်ပါတယ်။ဦးကျော်သူနှင့်အတူ စာပေ ဂီတ ရုပ်ရှင် အနုပညာမောင်နှမ များက လူသားချင်းစာနာ ကူညီထောက်ထားသော စိတ်ဓာတ်တို့ဖြင့် အဆိုတော်အနဂ္ဂ မှ သူ၏အဝတ်အစားများ၊ အနွေးထည်များ၊ ဟန်ထူးလွင်နှင့်မင်းထင်ကိုကိုကြီးတို့မှငွေသားများ၊ ဦးကျော်သူမှ T-Shirt များ၊ ပန်းပေါင်းစုံ ဗုဒ္ဓဆင်းတုတော်တဆူတို့ကို
လှူဒါန်းခဲ့ပြီးနောက် ခုနစ်ရက်သားသမီးများ စုပေါင်းလှူဒါန်းသော ဒံပေါက်ထမင်း၊ ရေခဲမုန့်တို့ဖြင့် ကျွေးမွေးပြီး အားပေးစကားများ ပြောကြားခဲ့ကြပါတယ်။
အနုပညာမောင်နှမများရဲ့ လူသားချင်းစာနာမှု အကြင်နာ၊ ဂရုဏာ၊ မုဒိတာပွားများမှုများကို မြန်မာနိုင်ငံ
ဆင်ဆာအဖွဲ့နဲ့ စာပေးစိစစ်ရေး အဖွဲ့က ယခုလို့ တုန့်ပြန်လိုက်တာပဲဖြစ်ပါတယ် ။
ဒါရိုက်တာမောင်မျိုးမင်းကို အခုလို ပိတ်ပင်ခံရခြင်းနှင့်ပါတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့်နီးစပ်သူကိုမေးမြန်းကြည့်ရာမှာ —– နိုဝင်ဘာလ ၂၁ ရက်နေ့က သုဝဏ္ဏအားကစားရုံမှာ မောင်မျိုးမင်း ဦးဆောင်ပြီး အစိုးရပိုင်းကို တိုက်ခိုက်တဲ့ ပြက်လုံးတွေနဲ့ ဖျော်ဖြေခဲ့တဲ့ ထာဝရ နှင်းဆီ
အငြိမ့်ပွဲက ပရိသတ် အကြိုက်ဖြစ်ခဲ့တယ်ဗျာ၊ အခြားအငြိမ့်များလိုမဟုတ်ဘဲ လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးနဲ့ ဆိုင်တဲ့ ပြက်လုံးတွေကို အခြေခံပြီး ပြက်သွားလို့ ပရိသတ်များ အကြိုက်တွေ့ခဲ့တာပေါ့၊ အခု ဒီ ထာဝရနှင်းဆီအဖွဲ့သားတွေရဲ့ အငြိမ့်ဟာ ပြည်တွင်းမှာ နောက်ဆုံး ကပြခဲ့တဲ့ အစိုးရကိုပြက်လုံးတွေကြောင့် အတော်လေးကို အောင်မြင်တဲ့ အငြိမ့်ပေါ့ဗျာ။
ဒီ အငြိမ့်အဖွဲ့ကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က စီစဉ်တာဖြစ်ပြီး လူရွင်တော်များအနေဖြင့် နေတိုး၊ ကျော်ကျော်ဗိုလ်၊
ရဲလေး၊ ထွန်းထွန်း နဲ့ မိုးမိုးတို့ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် ပရိသတ်ကော ကျွန်တော်ကောပါ ကြိုက်တဲ့ပြက်လုံးကဗျာ တိရစ္ဆာန်မျိုးစုံ ထားရှိတဲ့နေရာ ဘယ်နေရာလဲ သိတဲ့လူဖြေလို့ လူရွင်တော်တယောက်က မေးတဲ့အခါ အခြားလူရွင်တော်တွေက ငါသိတယ်.. ဟိုဟာမဟုတ်လား.. ဟိုလေကွာ ….ဒီလေကွာ ဆိုပြီးတစ်ယောက်မှ မဖြေခဲ့ဘူးဗျ …. လူရွှင်တော်တယောက်က ပရိသတ်ကြီး သိမယ်ထင်တယ်ဆိုပြီး ပရိသတ်ကိုမေးတော့ ပရိသတ်က သံပြိုင်ပါပဲ “နေပြည်တော်” လို့ ဖြေခဲ့ကြတဲ့ ပြက်လုံးကတော့ အကြိုက်ဆုံးပဲဗျာ” လို့ ပြန်လည်ပြောကြားပါတယ်။
နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ လူရွှင်တော် ကိုသူရ(ခ)ကိုဇာဂနာထူထောင်ပေးခဲ့တဲ့ သီးလေးသီးအငြိမ့်ဖွဲ့
ပြီးတဲ့နောက်မှာ အခုထာဝရ နှင်းဆီ အဖွဲ့သားတွေက ပြောင်မြောက်တဲ့ ပြက်လုံးတွေပြက်ခဲ့တဲ့ အတွက် ပြည်
သူတွေရဲ့အားပေးမှုကိုခံရပြီး ဒါရိုက်တာမောင်မျိုးမင်း ကို ထာဝရနှင်းဆီ အငြိမ့်ကြောင့် ပိတ်ပင်ခံရခြင်းဖြစ်တယ် လိုFreedom News Group မှ သတင်းရရှိပါတယ်။
From Freedom News Group...........






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment