ဧရာဝတီသတင်း
ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့မှာ ဖြစ်ပွားနေတဲ့ DKBA က ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်တွေနဲ့ စစ်အစိုးရတပ်တွေကြားက တိုက်ပွဲတွေ ဟာ DKBA တပ်တွေအပေါ်ကို စစ်အစိုးရက ဖိအားပေးလွန်းတာကြောင့် ဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA- South ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဒီနေ့မှာပဲ ပြောဆိုလိုက်ပါတယ်။တရားမျှတမှု မရှိတဲ့ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဟာလည်း ဒီတိုက်ပွဲတွေဖြစ်ပွားစေတဲ့ နောက်ထပ် အကြောင်း အရင်းတခုဖြစ်တယ်လို့ SSA- South ခေါင်းဆောင်က ဌာနချုပ် လွိုင်တိုင်းလျန်းကနေ ဧရာဝတီကို တယ်လီဖုန်းနဲ့ ပြောဆိုပါတယ်။
အခုတိုက်ပွဲဟာလည်း စစ်ရေး အကဲခတ်တွေ ပြောဆိုနေတဲ့အတိုင်း ရွေးကောက်ပွဲနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တွေကို ချေမှုန်းတဲ့ သဘောမျိုး ဟုတ်၊ မဟုတ် ဆိုတာကိုလည်း SSA- South က အထူး စောင့်ကြည့်နေပါတယ်လို့လည်း SSA- South ခေါင်းဆောင်က ပြောဆိုပါတယ်။
SSA- South အဖွဲ့ဟာ ခန့်မှန်းချေ အင်အား ၇ ထောင်အထက် ရှိတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ် ကြပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment