ဧရာဝတီ
ဧရာဝတီက ရရှိတဲ့ အတည်ထပ်မံ မပြုနိုင်သေးတဲ့ သတင်းများအရ ဒီနေ့ နေပြည်တော်မှာ အထူးအစည်းထိုင်ပြီးတော့ မြဝတီက DKBA နဲ့ နအဖတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ကိစ္စကို တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါမလာခင် အပြီးအပြတ် ဖြစ်နိုင်တဲ့နည်းနဲ့ ချေမှုန်းပစ်ဖို့ ဗိုလ်သန်းရွှေက အမိန့်ပေးလိုက်ပြီလို့ သိရပါတယ်။
DKBA ဘက်ကနေ KNU တပ်မဟာ (၆) က ကူမယ်လို့ ဗိုလ်ကြီး စောထဲနေက ဧရာဝတီကို အလွတ်သဘော ပြောကြားသွားပါတယ်။
လောလောဆယ်မှာ ထိုင်ဘက်အခြမ်းကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် သောင်းဂဏန်းနဲ့ ချီတယ်လို့ သိရပါတယ်။ အခု ဒီပို့စ်ကို ရေးနေတုန်း အရေးပေါ် ဝင်လာတဲ့ သတင်းအရ ထိုင်းအာဏာပိုင်တွေက မြန်မာ စစ်ပြေးဒုက္ခသည် ၃ သောင်းလောက် ရှိနေပြီ၊ မဲဆောက်ဘက်မှာ ပြည့်နေပြီလို့ ပြောကြောင်း သိရပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment