ဧရာဝတီမှ.....
စိုင်းဇွမ်ဆိုင်း
ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) နှင့် နအဖ စစ်အစိုးရတပ်များ ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်း ဒေသတွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိသည်ဟု သတင်းရရှိသည်။
SSA-S ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်း က “ပထမနေ့ကဖြစ်တဲ့ တိုက်ပွဲမှာ နအဖဘက်က ၇ ယောက်ကျ တယ်၊ ၈ ယောက်ဒဏ်ရာရတယ်၊ နောက်တရက်မှာ ၁ ယောက် ဒဏ်ရာရတယ်။ သူတို့ကိုင်တဲ့ MA-4 အမျိုးအစား သေနတ်တလက်နဲ့ ကျည်တော်တော်များများ ရလိုက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာလ ၃၁ ရက်နှင့် နိုဝင်ဘာလ ၁ ရက်နေ့များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့အခြေစိုက် ခလရ ၅၁၀ မှ စစ်သားများသည် ဒေသခံလူထုအား အနိုင်ကျင့်ကြောင်း SSA- S သို့ တိုင်ကြားခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆိုသည်။
SSA-S တပ်ဖွဲ့ဝင်များသည် ခမရ ၂၉၂ တပ်ဖွဲ့ဝင်များကိုလည်း ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိ သည် ဟု သိရသည်။
SSA-S သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မယူရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။
5 November 2010
SSA-S နှင့် တိုက်ပွဲတွင် နအဖဘက်မှ အကျအဆုံးများ
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment