ဖုန်းထဲကဝင်လာတဲ့သတင်းလေးပါ
ယနေ့ ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် ကရင်ပြည်နယ် မြ၀တီမြို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က နေ့လယ်ပိုင်းတွင် သိမ်းလိုက်ကြောင်း သိရ သည်။ မြ၀တီ ရဲ စခန်း အပါအ၀င် အချက်အချာ ကျသည့် နေရာများကို DKBA တပ်မဟာ ၉၉၉ နှင့် တပ်ရင်း ၉၀၇ တို့က သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်နှုတ်ခမ်းမွေး ခေါ် စောလားပွယ် က ပြောသည်။ ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့သည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်သည့် အဖွဲ့ ဖြစ်သည်။ မြ၀တီမြို့ခံ တဦးကလည်း“ မြ၀တီမှာ အခြေအနေမကောင်းဘူး၊ တချို့တွေကတော့ မဲဆောက် ဘက် ရှောင်သွားနေကြပြီ”ဟု ဆိုသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment