Kawthoolei Media Service မှ.....
ယနေ့ နေ့လည်ပိုင်းတွင် DKBA မှ ဗှိုလ်နူတ်ခမ်းမွှေး ဦးဆောင်သည့်အဖွဲ့သည် မြ၀တီ
၏ အချက်အချာကျ နေရာတစ်ချို့ တွင်နေရာယူထားကြောင်းသတင်းရရှိပါသည်။
ဆက်သွယ်ရေးရုံးပတ်ဝန်းကျင်၊ ခယက ရုံးပတ်ဝန်းကျင်၊ မဲရုံနား နှင့် မြ၀တီ- မဲဆောက်
တံတား နားတွင်နေရာယူထားပြီး နအဖ ဖက်မှ စတင်ပစ်ခတ်ပါက ပြန်လည်ပစ်ခတ်ရန်
အမိန့်ပေးထားကြောင်း ဗိုလ်မှုးကြီး နှုတ်ခမ်းမွေး ကပြောကြားပါသည်။
ဗိုလ်မှုးကြီး နှုတ်ခမ်းမွေး မှဆက်လက်ပြောပြသည်မှာနအဖ ဖက်မှစစ်ရေးခြိမ်းခြောက်မှု့များ ရှိလာသဖြင့် ဤ ကဲ့သို့ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ထို့အတူဗိုလ်ချုပ်ထိန်မောင်ဦးဆောင်သော
ငြိမ်းချမ်းရေးကောင်စီအဖွဲ့လည်း တပ်ဖွဲ့ဝင် များကို အသင့်အနေအထားတွင်တပ်လှန့်ထား
ကြောင်း သိရှိရပါသည်။ မနေ့ညက ကော့ကရိတ်နှင့် မြ၀တီကြား သင်္ကန်းညီနောင်ရှိ နအဖ
ဗျုဟာ ရုံးနားတွင် ပေါက်ကွဲမှု့တစ်ခုဖြစ်ခဲ့ပြီး နအဖ ဖက်မှ၎င်းသတင်းကိုဖုံးကွယ်ထားပါ သည်။
မြ၀တီနီးနား ရွာများမှ ဒေသခံများသည် တိုက်ပွဲဖြစ်ပွါးလာမည်ကို စိုးရိမ်လျက် နယ်စပ်ချောင်း
ကူးပြီး ထိုင်းသို့ထွက်ပြေးခိုလှုံရန်ကြိုးစားသော်လည်း ထိုင်းအာဏာပိုင်မှ အ၀င်မခံဘဲ တပ်အင်
အားဖြင့် ပိတ်ဆို့ထားပါသည်။
ယနေ့ နေ့ခင်းတွင် ကော့ကရိတ်မြို့ ရှိ ခလရ ၉၇ နှင့် DKBA တပ်မှတပ်ရင်း (၉၀၄) တို့ တိုက်ပွဲ
ွဲဖြစ်ပွါးခဲ့ပြီး DKBA မှမော်တာဖြင့် (၁၅)ချက်ခန့် ပစ်ခတ်ခဲ့ပါသည်။ အထိအခိုက်ကျဆုံးမှု့သတင်း
မရရှိသေးပေ။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment