နိရဉ္စရာ သတင်း
ထွန်းထွန်း
-------------
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်ဒေသ နတ်မြစ်အတွင်း မြန်မာဘက်မှ ကဏန်း တင်ပို့သည့် ကုန်သည်လင်မယား ၂ ဦးကို ကုလားဓါးပြများက ဓါးပြတိုက်သည့် အပြင် ဓါးဖြင့်ပါ ခုတ်သဖြင့် လင်ယောင်္ကျား ဖြစ်သူကို ကော့ဘဇားဆေးရုံသို့ တင်ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။
အဆိုပါ ကဏန်းတင်ပို့သူ လင်မယားနှစ်ဦးမှာ ရခိုင်လူမျိုးများ ဖြစ်ပြီး မောင်တောမြို့နယ် ရွက်ညိုးတောင် ကျေးရွာက ဖြစ်ကြောင်း သိရသည်။
ဇနီးဖြစ်သူ မဖြူဖြူအား နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ သူမက ဖြစ်ပျက်ပုံကို ယခုကဲ့သို့ ပြောသည်။
“ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ကျွန်မတို့ လင်မယားနှစ်ဦးက နတ်မြစ်ကို လှေနဲ့ ကူပြီး ဘင်္ဂလာ ဒေခ်ျ့ကို ကဏန်းတွေ တင်ပို့ဖို့ လာစဉ်မှာ ဘင်္ဂလာဒေခ်ျ့က ရခိုင်ရွာ တရွာ ဖြစ်တဲ့ မြစ်နားရွာ အနီးက ကျွန်းကို ရောက်စဉ်မှာ ကုလား ဓါးပြ ၅ ယောက်က ကျွန်မတို့လှေကို ရှေ့က ဆီးပြီးတော့ တန့်ခိုင်း ပါတယ်။ ပြီးရင် လှေပေါ်မှာ ပါလာတဲ့ ပစ္စည်းတွေကို အကုန်လုံးယူပြီး ကျွန်မ ယောင်္ကျားကို ဘာမပြော ညာမပြောနဲ့ ဓါးတွေနဲ့ခုတ်၊ တုတ်တွေနဲ့ရိုက်ကြ ပါတယ်။ ကျွန်မကို ငိုယိုပြီး တောင်းပန်မှ ကျွန်မ ယောင်္ကျားကို လှေပေါ်မှ သွေးသံရဲရဲနဲ့ ပစ်ထားပီး ထွက်သွားကြပါတယ်။ ကျွန်မ ယောင်္ကျား လက် ၂ ဘက်စလုံး လုံးပိုင်းလုမတတ်ဖြစ်သွားပြီး ခုတော့ ကော့ဘဇား ဆေးရုံကို တင်လိုက် ရပါတယ်။” 
ဓါးပြများသည် မဖြူဖြူထံမှ ရွှေနားကွင်း တစုံ၊ လက်စွပ်တကွင်းကိုပါ ချွတ်ယူသွားခဲ့ပြီး မဖြူဖြူတွင် ခန္ဓာ ကိုယ် တခုလုံးတွင် ဒဏ်ရာများ ရရှိသွားသည်ဟု သိရသည်။
ဓါးပြများမှာ မြန်မာနိုင်ငံသားလား ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားလားဆိုသည်ကို သူမအနေဖြင့် ခွဲခြားနိုင်ခြင်း မရှိကြောင်း သူမက ပြောသည်။
မဖြူဖြူ၏ ယောင်္ကျား ဖြစ်သူ ဦးမောင်ကျော်စိုး (၅၃) နှစ်ကို မြစ်နားရွာသားများ၏ အကူအညီဖြင့် အနီးအနား ညားလား ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ညားလားဆေးရုံမှ လက်မခံသဖြင့် ယခုအခါ ကော့ဘဇားဆေးရုံသို့ တင်ပို့လိုက်ရသည် ဟု သိရသည်။ 
10 November 2010
ဓါးပြများ ခုတ်၍ မြန်မာနိုင်ငံမှ ကဏန်း ကုန်သည် လင်မယား ကော့ဘဇား ဆေးရုံကို ပို့ဆောင်ရ
  Subscribe to:
				
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment