ရိုးမ ၃သတင်း
ထိုင်း- မြန်မာနယ်စပ်ဒေသ ကရင်ပြည်နယ်၊ ဝေါလေဂွင်အတွင်း ဒီကေဘီအေတပ်များ ဝန်းရံထားသည့်အတွက် နအဖစစ်တပ်များ ရွာထဲမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိကာ ဒေသခံ ရွာသားများ ဆက်လက်တိမ်းရှောင်နေရသည်။
ယနေ့ မနက် (၃) နာရီခန့်တွင် စစ်အစိုးရတပ်များက ဝေါလေဂွင်၊ ထိပလယ်ရွာအခြေစိုက် စခန်းကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒီကေဘီအေ တပ်မဟာ (၅) တပ်ရင်းမှူး ဗိုလ်မှူးချုပ် စောလားပွယ်က ပြောသည်။
“ကျနော်တို့ ထွက်ခွင့်မပေးတဲ့အတွက် သူတို့ ကြောက်ကြောက်နဲ့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ၊ ဝေါလေဂွင် ထိပလယ်ကနေ လှမ်းပစ်တာ၊ (၁၅) လုံးလောက်ရှိတယ်၊ ရွာသားတွေကတော့ ထွက်ပြေးနေတယ်” ဟု ပြောသည်။
ဝေါလေဂွင်အတွင်း စစ်အစိုးရတပ် အင်အား (၅၀၀)ခန့်ရှိပြီး စကခ(၈) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒီကေဘီအေအနေဖြင့် ပြန်လည်ပစ်ခတ်ခြင်း မရှိသေးသော်လည်း အဆင့်သင့် ပြင်ဆင်ထားကြောင်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ ဘက်မှာတော့ ရွာထဲမှာတော့ ဘာမှမလုပ်သေးဘူး၊ ရွာပြင်ထွက်ရင်တော့ လုပ်ဖို့ကိုင်ဖို့ ပြင်ဆင်ထားတာရှိပါတယ်၊ သူတို့က ရွာထဲမှာဘဲ နေတယ်၊ စစ်တပ်က ကျတော်တို့နဲ့ တိုက်ပွဲမဖြစ်ဘဲ သူတို့ဘက်က လိုက်ပြီး ပစ်နေတာ၊ ဒီနှစ်ရက်အတွင်းမှာ တိုက်ပွဲမဖြစ်သေးဘူး” ဟု ပြောသည်။
ဝေါလေဂွင်အတွင်း ယခုလ ၁၄ ရက်နေ့ကလည်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံရွာသားများ ထိုင်းဘက်ကမ်းရှိ ဖုတ်ဖရမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
“ဒေသခံရွာသား သုံးထောင်လောက်ရှိတယ်၊ အိမ်ထောင်စု (၅၀၀) ကျော်ပေါ့၊ အခုရွာသားတွေက နီးစပ်ရာ ဝေါလေ၊ ဖုတ်ဖရ ဘက်ကို တိမ်းရှောင်သွားတယ်၊ ဒီနေ့ရော မနေ့ကရောဘဲသွားတာ” ဟု ဆက်ပြောသည်။
နအဖနှင့် ဒီကေဘီအေတပ်များ နယ်စပ်တလျှောက်တွင် တိုက်ပွဲများ ဆက်တိုက်နီးပါး ဖြစ်ပွားနေလျှက်ရှိကာ ဒီကေဘီအေ တပ်ရင်းအချို့မှာ အင်အား ရာနှင့်ချီ၍ မကြာခင်ရက်ပိုင်းအတွင်းက ကရင့်အမျိုးသား အစည်းအရုံးလက်အောက်ခံ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သို့ လာရောက်ပူးပေါင်းခဲ့သည်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment