19 November 2010

ယနေ့ သတင်း (၁၉ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၉ ရက် နိုဝင်ဘာလ ၂၀၁၀

မြ၀တီ
(၃နာရီ) မြ၀တီ ဟွေ့ရှမ်းရွာဘက် တံတားကြိုးအနီးတွင် တဖက်နဲ့ တဖက်ပစ်ခတ်မှုများရှိနေကြောင်း သိရှိရသည်။ နအဖ စစ်နဲ့ အခြားပစ်ခတ်သည့်အဖွဲ့မှာ မည်သည့်အဖွဲ့မှန်း မသိရသေးပေ။

(၂ နာရီ ၂၀)
“မြ၀တီ ရဲစခန်းထဲ သို့ လူ ၂ယောက်က လက်ပစ်ဗုံးနဲ့ ပစ်တယ်။ အဲဒီလက်ပစ်ဗုံးက ရဲစခန်းနားမှာ ပေါက်သွားတယ်။ အဲဒီလူထဲကတယောက်က ကျောင်းထဲကို ပြေးဝင်သွားတာ”ဟု မြို့ခံတဦးမှ ပြောဆို သည်။ လက်ပစ်ဗုံးနဲ့ ပစ်သွားသူများကို ဖမ်းဆီးမိခြင်း မရှိပဲ ထိုပစ်ခတ်သူများသည် မည်သူမ၀ါဖြစ်သည်ကို မသိရှိရပေ။ ယခု မြ၀တီမြို့ကို စစ်တပ်တွေ ၀ိုင်းထားကြောင်း သိရှိရသည်။

(၁ နာရီ ၄၀)
မြ၀တီမြို့တွင်း ကုန်သွယ်မှုဇုံ၊ သင်္ကန်းညီနောင် ဘက်က ပစ်ခတ်မှုများ ဖြစ်ပေါ်နေသောကြောင့် မြ၀တီမြို့တွင်းတွင် ပြည်သူလူထုများ ရှုတ်ရှုတ်သဲသဲ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ မြ၀တီမြို့က ကျောင်းများကို ပိတ်ပစ်လိုက်ပြီး ဈေးဆိုင်များလည်း ပိတ်လိုက်ကြကြောင်းသိရှိရသည်။

0 kommentarer:

Post a Comment