Freedom News Group မှ....
ယမန်နေ့ ည၉နာရီထိ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ နအဖစစ်အစိုးရဲ့ ရမ်းကားစွာလူနေအိမ်များကိုမီးတင်ရှို့ မှု၊ ပေါ်တာဆွဲမှုများကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့ ယာယီဒုက္ခသည်စခန်းသို့ထွက်ပြေးလာနေကြဆဲလို့ FNG သတင်းထောက်များကသတင်းပေးပို့ ပါတယ်။
ဒီနေ့ မနက်မှာတော့ ထိုင်းနိုင်ငံယာယီဒုက္ခသည်စခန်းကို ထိုင်းနိုင်ငံ လူမှုရေ.အဖွဲ့အစည်းများ၊ မြန်မာလူမှုရေးအဖွဲ့ များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေကြပါတယ်မဲဆောက်မြို့တော်ဝန်ကသစ်ဆမ်ကမဲဆောက်မြို့သူမြို့သားများကိုအရေးပေါ်လူအားငွေအားတတ်နိုင်သည်များကိုကူညီ ကြရန်ပန်ကြားထားကြောင်းသိရပါတယ်။
မြ၀တီမြို့ဘက် တိုက်ပွဲအခြေအနေမှာမနေ့ညက၁၀နာရီခန့်သေနတ်သံများကြားနေရပြီးည၁၁နာရီတွင်မိုးကုတ်ဘုန်းတော်ကြီးအတွင်းသို့နအဖစစ်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ လူ၂၀ခန့် သေဆုံးခဲ့ရပါတယ်။တိုက်ပွဲမှာငြိသက်သွားပြီး ယနေ့မနက် ၆ နာရီခန့်တွင် မြ၀တီငှက်ပျောတောဘက်တွင် တိုက်ပွဲများပြင်းထန်နေပြီးဘား အံ့ အခြေစိုက် တပ်မ၂၂ စစ်ကူရောက်နေပြီဟုသတင်းရရှိပါတယ်။ မြ၀တီ-မဲဆောက်ချစ်ကြည်ရေးတံတားထိပ်ရှိ မြန်မာလူဝင်မှုကြီးကြပ်ရေးဂိတ်တဲကို လက်နက်ကြီးထိမှန်ပျက်စီးသွားပါတယ်။
အရပ်သားဆုံးမှုအမြောက်အများရှိကြောင်းပြောပြသော်လည်းအရေအတွက်ကိုတိတိကျမသိရသေးပါဘူးမနေ့ကကြံဖွတ်ပါတီအမတ်လောင်းဦး သက်နိုင်ရဲ့ အဖေ ခေါင်းမှာသေနတ်ဒါဏ်ရာနဲ့ သေဆုံးကြောင်း၊မြ၀တီ(၃)ရပ်ကွက်မှုခင်းရှုထောင့်သတင်းအိမ်ကိုလက်နက်ကြီးတိုက်ရိုက်ထိမှန်ပြီး ဦးသိန်းထွန်းသေဆုံးသွားကြောင်းသတင်းရရှိပါတယ်။DKBAနှင့်နီးစပ်သောစီးပွားရေးသမား၎ဦးကိုနအဖစစ်တပ်မှပစ်သတ်ခဲ့ကြောင်းမျက်မြင်တွေ့ခဲသူတဦးကလည်းပြောပြပါတယ်။အတည်ပြုလို့မရသေးတဲ့ သတင်းကတော့နယ်ခြား ၃ဂိတ်လို့ခေါ်ကြတဲ့ အင်ကြင်းမြိုင်မှာ စစ်ကူ ထပ်ရောက်လာတဲ့ နအဖစစ်တပ် အမြောက်အများကျဆုံးသွားတဲ့လို့သိရပြီး DKBA ဘက်မှ ၄ ဦးကျဆုံးကြောင်းသိရပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment