http://www.karenunited.com/
အပျက်အဆီးများမှာ- ကမ်းနားလမ်းတွင် ဓါတ်ဆီရောင်းသောအိမ်တစ်အိမ်၊ အစိုးရရုံး (၆)ရုံး၊ မီးလောင်သွားပြီး အမှတ်(၁) ရပ်ကွက် မှ ဘုန်းကြီးကျောင်းမှာ နအဖ မှ ပစ်ခတ်သောလက်နက်ကြီး ကျည်ထိမှန်ပြီး မီးလောင်ပျက်ဆီးခဲ့ပါသည်။ ယနေ့နံနက် (၆) နာရီထိုးခါနီးတွင် လက်နက်ကြီး ပစ်သံ (၃) ချက်ကြားရပါသည်။ ကမ်းနား
တွင်ဝင်လာသော နအဖ တပ် အင်အား (၃၀) ခန့် ကို DKBA မှ လှမ်းပစ်သဖြင့် နအဖ တပ်
မှာ လာရာလမ်းအတိုင်းပြန်လှည့်သွားပါသည်။ မနေ့ညတွင် ဖားအံရှိ ဗိုလ်ချစ်သူ ကို နအဖ မှခေါ်သွားကြောင်းသတင်းရရှိပါသည်။ ယနေ့မနက်တွင် မြ၀တီတွင်တပ်စွဲနေသော ဗိုလ်မှုးချုပ်နှုတ်ခမ်းမွှေးအဖွဲ့ ဆီသို့ ဗိုလ်ချစ်သူလက်အောက် ဒုဗျုဟာမှုး ဗိုလ်ကတုံး ဦးဆောင်သော BGF အဖွဲ့လက်တကမ်းအကွာထိရောက်လာပြီးနှစ်ဦးနှစ်ဖက် ညှိနှိုင်းပြောဆိုမှု့များရှိခဲ့ပါသည်။ ယခုချိန်တွင် ဗိုလ်မှုးချုပ်နှုတ်ခမ်းမွှေးအဖွဲ့သည် မြ၀တီမြို့တွင်းမှ ထွက်ခွါခဲ့ပြီး ကြံခင်း အရပ်တွင် နေရာယူထားပါသည်။ ယခုသတင်းရေးနေချိန်တွင် နအဖ မှ ဗိုလ်မှုးကြီး သန်းဝင်း နှင့်ညှိနှိုင်းနေပြီး အဆင်မပြေပါက ဒေသစံတော်ချိန် နံနက် ၁၀ နာရီနောက်ပိုင်း တိုက်ပွဲ များပြန်စနိုင်ပါသည်။
8 November 2010
မြ၀တီတိုက်ပွဲ အခြေအနေ
Etiketter: တိုက်ပွဲသတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment