9 November 2010
ကော်သူးလေ "ဆံတောက်"
အရင်က နောင်တော်ကြီးတွေ
အင်းစိန်မြို့ ကနေ အဆုတ်မှာ
တော်လှန်ရေး ရဲဘော်အချင်းချင်း
သစ္စာအဓိဌါန်တစ်ခုပြုခဲ့ကြတယ်
တော်လှန်ရေးမအောင်မခြင်း
ဆံပင်မညှပ်ကြေး မုတ်ဆိတ်မွေးမရိပ်ကြေးတဲ့
အဲဒါ ကော်သူးလေ "ဆံတောက်”ခေတ်ပေါ့။
အခုငါတို့တွေ မြ၀တီမှ ဆုတ်ခဲ့ရပြီး
ဆံပင်ရှည်ရုံ မုတ်ဆိတ်မွေးရှည်ရုံနဲ့ မလုံလောက်တော့
စည်းလုံးညီညွတ်မှုနဲ့အတူ
တစ်ဦးချင်းဆီတာဝန်ယူမှုက လိုအပ်လာပြီး
ငါတို့တွေချရမယ့်သံဓိဌါန်က
ကရင်တစ်မျိုးသားလုံး
လွတ်လပ်ရေး မရ မခြင်း တိုက်ရမယ်ဆိုတာပါပဲ။
ကမ္ဘာတစ်ခွင်မှာ ကရင်ပြည်ဟေ့လို့
ကြွေးကြော်နိုင်တဲ့တစ်နေ့
ဘုန်းအပြည့်နဲ့ ဆန်းတစ်ခေတ်ရဲ့
ကော်သူးလေ "ဆန်းတောက်"တဲ့ ခေတ်ဆီကို။
သူရေ့ဖေါင်(သူရေ၀့်ဖါန်)7.11.2010
တိုက်ပွဲဝင်ကရင်အမျိုးသားရဲဘော်အားလုံးကို ဒီကဗျာလေးနဲ့ဂုဏ်ပြုအပ်ပါသည်။
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment