ဘရာဇီးလ်နိုင်ငံမြို့တော် ရီယိုဒီဂျနေးရိုး၏ ဆင်းရဲသား ရပ်ကွက်များတွင် မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ရဲတပ်ဖွဲ့အကြား တိုက်ခိုက်မှုများ အပါအ၀င် အကြမ်းဖက်မှုများကြောင့် နိုဝင်ဘာလ
၂၁ ရက်နေ့ နောက်ပိုင်း သေဆုံးသူမှာ အနည်းဆုံး ၃၀ ဦး ခန့် ရှိသွားပြီဟု
သိရသည်။

တိုက်ခိုက်မှုများနှင့် ပတ်သက်၍ လူ ၁၈၈ ဦးအား ဖမ်းဆီး(သို့) ထိန်းသိမ်းထားကြောင်း စစ်ရဲက နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ သေဆုံးသူများတွင် ဂိုဏ်း အဖွဲ့ဝင် အရေအတွက်၊ အရပ်သား
အရေအတွက်နှင့် ရဲတပ်ဖွဲ့ဝင် အရေ အတွက် မည်မျှ ပါဝင်သည်ကို ချက်ချင်း
မသိရသေးပေ။ ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ပြည်ထောင်စု အကျဉ်းထောင်များသို့
အကျဉ်းသားများ ရွှေ့ပြောင်းရာမှ မငြိမ်သက်မှုများ စတင် ဖြစ်ပေါ်ခဲ့ခြင်း
ဖြစ်ကြောင်း ရီယို ဒီဂျနေးရိုး ပြည်သူ့လုံခြုံရေးအတွင်း
ဝန်ဟိုဆေးလ်မာရီယာနိုဘယ်လ်ထရိမ်၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
ထို့ပြင် တိုက်ခိုက်မှုများ ဖြစ်ပွားရခြင်းတွင် မြို့တော်ရှိ မှုခင်းထူပေါသော
ဆင်းရဲသားရပ်ကွက်များမှ မူးယစ်ဆေးဝါးဂိုဏ်း အဖွဲ့ဝင်များကို
ဖယ်ရှားရှင်းလင်းရန် ရဲတပ်ဖွဲ့၏ ကြိုးပမ်းမှုလည်း ပါဝင်သည်ဟု သိရသည်။

ထို့ပြင် ယာဉ် ၃၇ စီးမှာလည်း မီးရှို့ခံခဲ့ရသည်ဟု စစ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အစောပိုင်းကလည်း မူးယစ်ဂိုဏ်းများသည် ရဲစခန်းတစ်ခုကို ၀ိုင်းဝန်းပစ်ခတ်ခဲ့သည်ဟု အရာရှိများက
ပြောကြားခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်နေ့က အစိုးရ ကျောင်းများနှင့်
မူကြိုကျောင်းများ ပိတ်ထားခဲ့ကြောင်း အေဂျင်စီယာ ဘရာဇီးလ်က အစီရင်ခံခဲ့သည်။
ပြိုင်ဘက်မူးယစ်ဂိုဏ်း နှစ်ဂိုဏ်းကြား ထိပ်တိုက်ဆုံတွေ့ရာမှ
တိုက်ခိုက်မှုများ စတင်ခဲ့ကြောင်း ဘယ်လ်ထရိမ်က ပြောကြားခဲ့သည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment