ဧရာဝတီ
ရန်ကုန် တာမွေမြို့နယ်ရဲစခန်းတွင် သံဃာတော်တပါးကို ဗုံးတွေ့ရှိမှုနှင့်စပ်လျဉ်းကာ မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။
တာမွေမြို့နယ် တာမွေကလေးရပ်ကွက် လေးထောင့်ကန်လမ်းပေါ်ရှိ Happy Now အင်တာနက်ဆိုင်တွင် နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် ဗုံးသေည်ဆိုကာ စစ်ကား ၂စီးနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပြီးနောက် သံဃာတော်ကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း တာမွေရဲစခန်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
“ဧရာဝတီတိုင်းဘက်က ဦးက္ကုန္ဒောဘာသဆိုတဲ့ သံဃာတော်တပါးပဲ။ သူက အဲဒီအင်တာနက်ဆိုင်မှာ ၀င်သုံးခဲ့ပြီး အိတ်ကလည်း မေ့ကျန်ခဲ့တော့ အဲဒီအိတ်ကနေတဆင့်လိုက်တာ။ အိတ်ထဲမှာတော့ လက်နှိပ်ဓါတ်မီး ၊ သင်္ကန်း နဲ့ တခြားအသုံးအဆောင်ပစ္စည်းတချို့ရယ်ပဲပါတယ်လို့ သိရပါတယ်”ဟု ၄င်းက ပြောသည်။
နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းကလည်း ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ City Star ဟိုတယ် အောက်ထပ်ရှိ Star Net အင်တာနက် ဆိုင်၌ ချိန်ကိုက်မိုင်း ၄ လုံး တွေ့ရှိခဲ့သည်။
ယခုကဲ့သို့ အင်တာနက်ဆိုင်များတွင် ဗုံးတွေ့ရှိနေမှုနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ခံတဦးက “ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကတည်းက ပြည်ပက တိုက်ခိုက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်တာနက်ကော်နက်ရှင်တွေကျတယ်။ စီးပွားရေးလုပ်ငန်းတွေ က ထိခိုက်လို့ အော်လာတော့ နည်းနည်း ပြန်ကောင်းလာတယ်။ အခု အင်တာနက်ဆိုင်တွေမှာ ဗုံးတွေ့တယ်ဆိုတဲ့ အသံတွေ ထွက်လာတယ်ဆိုတော့ အစိုးရက အင်တာနက်သုံးစွဲပြီး ပြည်ပကို သတင်းပေါက်ကြားမှုတွေကို ထိန်းချုပ်နိုင်ဖို့ တဘက်လှည့်နဲ့ လုပ်နေတယ်ထင်ပါတယ်”ဟု သုံးသပ်ပြောဆိုသည်။
ယခုဗုံးတွေ့ရှိမှုနှင့်စပ်လျဉ်း၍လည်း နအဖ မီဒီယာများက ဖော်ပြခြင်းမရှိသေးပေ။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment