ဆုံဆည်းရာ၊ ၂၅ ရက် နိုဝင်ဘာလ ၂၀၁၀
မြ၀တီ
ယမန်နေ့က ညနေပိုင်းက နအဖ တပ်တွေ မြ၀တီမှ ဝေါလေ၊ ကနဲလေး ဘက်ကို စစ်ကူအဖြစ် စစ်ကား ၁၀ ဒီကေဘီအေ တပ်များကို တိုက်ခိုက်ဖို့အတွက် ပို့ဆောင်လိုက်တယ်လို့ သိရှိပါတယ်။ ဒီကေဘီအေ တပ်များက မောခီး၊ စခန်းသစ်နဲ့ ဝေါလေ၊ ကနဲလေး ဘက်တို့မှာ နအဖ တပ်မ ၂၂ လက်အောက်ခံ နည်းဗျူဟာတပ်တွေကို မိုင်းထောင်ထားတဲ့အတွက် နအဖ တပ်များ ရိက္ခာပြတ်ပြီး ထွက်မရဖြစ်နေတယ်လို့ သိရပါတယ်။ ၂၃ ရက်နေ့က နအဖ စစ်တပ်ရင် စစ်စင်ရေးဗျူဟာမှူးက ဗိုလ်မှူးချုပ် စောလားဘွယ် ဦးဆောင်တဲ့ ဒီကေဘီအေ တပ်တွေကို လက်နက်ချဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်မချပါက နအဖ ဘက်က စစ်ဆင်ရေး တိုးမြင့်မယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြောသွားတယ်လို့ သိရှိရပါတယ်။
သျှမ်းပြည်တပ်မတော်
နိုဝင်ဘာ ၂၃ ရက်နေ့က သံလွင်အရှေ့ခြမ်း ပုံပါကျင်အရှေ့ဖက် (ထိုင်းနယ်စပ်အနောက်ဖက် ၈ မိုင် အကွာ) ၀မ့်အောင့်လောင့် နှင့် နမ့်ဟူးခွန် ကြား၌ သျှမ်းပြည်တပ်မတော်နှင့် နအဖစစ်တပ်တို့ မိနစ် ၂၀ ကြာ ရင်ဆိုင် တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ “ မနေ့က မနက်ပိုင်း ၇း၃၀ နာရီကျော်ကျော်လောက်မှာ တိုက်ပွဲဖြစ်တယ်။ သျှမ်းတပ် ဘက် ၁ ယောက်ဒဏ်ရာရ တယ်၊ ဗမာ တပ်ဘက်က ၂ ယောက်သေ ၂ ယောက်ဒဏ်ရာရတယ်။ သျှမ်းဘက်က အင်အား ၁၀ ယောက်လောက်နဲ့ ဗမာဘက် က အင်အား အယောက် ၃၀ လောက်ရှိမယ် ” ဟု သျှမ်းပြည်တပ်မတော်အသိုင်း အ၀ိုင်းက ပြောသည်။
လင်းခေး - မိုးနဲကြားအမှတ် ၃၆၁ ပန်ဆတ်အမြောက်တပ်ရင်း တပ်ရင်းမှူး အမှတ်မထင် ပစ်သတ်ခံရပြီးနောက်ပိုင်း အင်အား ၃၀ ကျော်ပါ နအဖစစ်ကြောင်းတကြောင်း သျှမ်းပြည် တပ်မတော် နယ်လှည့် စစ်ကြောင်းအား နောက်ယောင်ခံလိုက်ရာ ထပ်မံတိုက်ပွဲဖြစ်ပွားပြီး နအဖတပ်သားများ သေဆုံးခဲ့ကြောင့် ဒေသခံများပြောဆိုနေကြပါတယ်။ လွန်ခဲ့သည့်အပတ်အတွင်းလည်း သံလွင်အရှေ့ခြမ်း မိုင်းတုံမှ တရုတ်လုပ် တုန်းဖုန်းစစ်ကား ၆ စီးဖြင့် နအဖ စစ်သားအပြည့်တင်ကာ မိုင်းတော့ - မိုင်းထားဘက် စစ်အားဖြည့်ရန် တက်သွားသည်ဟု နယ်စပ်နေ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။ ရွေးကောက်ပွဲပြုလုပ်တဲ့ ၇ ရက်နေ့မှ ယနေ့အချိန်ထိ နအဖနှင့် သျှမ်းပြည်တပ်မတော်ကြား တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနဲ ဖြစ်ပွားခဲ့ဖြစ်ကြောင်း SSA ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်က ပြောဆိုပါတယ်။ (ကိုးကား - သျှမ်းသံတော်ဆင့်)
25 November 2010
ယနေ့ သတင်း (၂၅ ရက် နိုဝင်ဘာလ ၂၀၁၀)
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment