20 November 2010

စည်းလုံးခြင်း နှင့်ရှေ့သို့ချီ တော်လှန်ရေးဆီ...သို့.....

ငြိမ်းချမ်းရေးလိုချင်တယ်ဆိုပြီးတော့ ထိုင်ပြီးပြောရုံ အော်ရုံနဲ့ မရတော့ပါဘူး၊တကယ်လိုချင် တကယ်ဖြစ်ချင်ရင်တော့ တကယ်လုပ်ရပါလိမ့်မယ်
ကျမတို့ ကရင်ပြည်သူသားတွေအတွက် ငြိမ်းချမ်းစွာနေထိုင်ဖို့အတွက် မိမိရည်ရွယ်ချက်ရောက်ရန်အတွက်အားလုံးစည်းလုံးညီညွတ်ဖို့ အရမ်းအရေးကြီးပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၇ ရက် ၈ ရက် ကမြ၀တီမြို့ မှာ ဖြစ်ပွားခဲ့ တဲ့ ပြဿနာမှာ စစ်တပ်ဘက်ကညာတာမှုကင်းမဲ့ စွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ ပါတယ်။
မြို့တွင်းတိုက်ပွဲ ကိုလက်နက်ကြီးဖြင့် တိုက်ခိုက်သည်ကို ကြည့်ခြင်းအားဖြင့်သူတို့ ရဲ့ ပစ်မှတ်ဟာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းကိုတင်မဟုတ်ပဲ
ကရင်လူမျိုးကိုအမျိုးပြုတ်အောင် တိုက်ခိုက်နေတာပါ။

အကြောင်းရင်းကတော့ မြ၀တီမြို့ဟာကျမတို့ ကရင် လူမျိုးအများစုနေထိုင်တာပါ ၊ ကရင်ပြည်နယ်မှာ ၊ မျက်စိတစ်ဖက်တည်းနဲ့ 
မျက်ကန်းတစ္ဆေလို တိုက်ခိုက်နေခဲ့တာကို ကြည့်ခြင်းအားဖြင့် လူမျိုးရေးအရစစ်တပ်ကဖိနှိပ်နေတာကို တွေ့ ရပါတယ်၊
ပြီးတော့ ကျမတို့ ကရင်ပြည်နယ် လူသူအရောက်နည်းတဲ့ ဒေသတွေမှာလည်းလက်နက်ဖြင့် အနိုင်ကျင့်စော်ကားတာကို
ကျမတို့ အမြဲမကြာမကြာ ကြားခဲ့ ရပါတယ်။

အဓိကတစ်ခုပြောချင်တာကတော့ ကျမတို့ ကရင်ပြည်သူများဟာ နီးရာ ဓားကိုကြောက်ပြီး အသက်ရှင်နေထိုင်နေကြရတာပါ၊မကြိုက်မနှစ်သက်တဲ့ သူတို့ ရဲ့အုပ်ချုပ်အနိုင်ကျင့်မှုကိုခံနေရတာပါ
ဒါ့အပြင် စစ်တပ်ဟာလည်း ပြည်သူတွေကို ဓားစာခံ သို့ မဟုတ် ပြည်သူတွေကို သတ်ဖြတ်ပြီး ကရင်လက်နက်ကိုင်အဖွဲ့ အစည်းတွေကိုလည်းတနည်းနည်းနဲ့ ခြိမ်းခြောက်ခဲ့ တဲ့အတွက်
ကရင်အဖွဲ့ အစည်းများရဲ့  လိုရာပန်းတိုင်းဟာ ထင်သလောက်မရောက်ခဲ့ ပါဘူး ၊

ကဲ အခုအချိန်မှာတော့ ပြည်သူပြည်သားများလည်း စစ်တပ်နဲ့ KNU ဟာ ဘယ်သူက ကိုယ့်အပေါ် ကောင်းသလဲ ညာတာမှုရှိသလဲဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါတယ် ၊
အခုအချိန်မှာ ပြည်သူတို့ရဲ့ (role) ဟာ အရမ်းအရေးကြီးပါတယ် ၊ ယောင်ဝါးဝါး ဖြစ်မနေပါနဲ့  ကိုယ့်ကိုချစ်နေတဲ့ ကာကွယ်နေတဲ့ သူကို ကိုယ်ကပြန်ချစ်ရမှာပါ၊ကိုယ်က ပြန်ကာကွယ်ရမှာပါ။
ကိုယ့် ရဲ့အမျိုးကို စော်ကား သတ်ဖြတ်ခဲ့ တဲ့ သူကိုပေါင်းဖို့ မပြောနဲ့  သေတဲ့အထိ တိုက်ထုတ်ရမယ် အဲဒါတွေကိုပဲပြောပြောနေတာ မမေ့ပါနဲ့ ။

တစ်ယောက်နဲ့ တစ်ယောက်ပစ်မထားကြပဲ စည်းလုံးညီညွတ်ကြဖို့ အချိန်ရောက်ပြီး။ပြီးခဲ့တာတွေကိုသင်္ခန်းစာယူကြပါ။ ဘာသာတွေမခွဲပဲ နေထိုင်ကြဖို့  စကော ပိုးမခွဲ ပဲ နေထိုင်ကြပြီး
မိမိတိုရဲ့ဘုံ ရန်သူကို တိုက်ထုတ်ရမယ် လွတ်လပ်စွာနေထိုင်ခွင့်ရဖို့  ငြိမ်းချမ်းရေးရဖို့  သူတို့ ကပဲ စွမ်းဆောင်ပေးနိုင်ပါတယ်။
မိမိ အသက်အိုးအိမ်စည်းစိမ်ကို သူတို့ ပဲကာကွယ်မှာပါ ၊ ဒါ့အပြင် ဘာသာစကားရိုးရာ အပြင် အရေးကြီးဆုံးကရင်အလံကို သူတို့ ပဲကာကွယ်ပေးနေတာပါ
ဒီလူတွေအရင်ကဆိုးခဲ့တယ်မှန်ပါတယ် လူဆိုတာအမှားနဲ့ မကင်းပါဘူး သူတို့ ဘယ်လောက်ပဲဆိုးဆိုး သူတို့ ကြောင့် ကရင်အလံ ပျောက်မသွားဘူး
အခုဆို ဒီကရင်အဖွဲ့ အစည်းဟာ ကရင်အဖွဲ့အစည်းအားလုံးပြန်လည်စုစည်းလာနိုင်ခဲ့ ပြီဖြစ်တယ်။

ကရင်လူမျိုးနဲ့ ဖွဲ့ စည်းထားတာပါ ၊ စောဘဦးကြီးမူ ကို စစ်အစိုးက အရမ်းကိုလွန်တယ် ခေတ်မရှိတော့ဘူးပြောကြပါတယ် ဒါပေမဲ့ 
သူတို့ ဘက်ကမျက်စိမပါ လက်နက်ကြီးနဲ့ ထုတာကိုကြည့်ခြင်းအားဖြင့် မလွန်ပါ၊ဒီအဖြစ်ပျက်ကတစ်ကြိမ်သာဖြစ်ခဲ့သည်မဟုတ်ပါ၊အကြိမ်ပေါင်းမရေတွက်နိုင်တော့ပါ
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဆိုတာတော့ရှိမှာပဲလေ၊ ပြည်သူတွေအားလုံးကျမတို့ရဲ့ သူရဲကောင်းတွေကို ၀န်းရံထားကြပါ ၊ဘယ်သောအခါမှအိပ်မပျော်ကြပါနဲ့ 
အချိန်ရောက်လာပါပြီ စည်းလုံးဖို့ ၊ ငြိမ်းချမ်းရေးအတွက်တိုက်ပွဲ ကိုဆင်နွဲ့ ကြရမှာပဲ ၊
အဲဒီအချိန်မှာပြည်သူတွေအားလုံး ကျမတို့ ရဲ့  Hero များနဲ့ အတူ ကူညီတိုက်ပွဲ ၀င်ကြပြီး

                ငြိမ်းချမ်းရေးပန်းတိုင်ကို ရယူကြပါ .........လို့............ .မကြာမှီ ဒုတိယပိုင်း.......မျှော်.......... 
နန်းယမင်းဝေ

0 kommentarer:

Post a Comment