ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ လူသွားလာများသော ပန်ကန်းဂိတ်တွင် ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက စစ်ဆေးမှုများ ပြုလုပ်နေပြီး ယခု ရွေးကောက်ပွဲပြီးချိန်တွင် စစ်အစိုးရ စစ်သားများနှင့် ရဲများ၏ စစ်ဆေးမှုမှာ ပိုဆိုးလာသည်ဟု လွိုင်ကော်မြို့မှ ဒေသခံ တဦးက ပြောပါသည်။
“စစ်ဆေးတာ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဒါပေမယ့် အခု ပိုဆိုးလာသလိုပဲ။ ခုနက လာတော့ အဟောက်ခံရတယ်။ ဟောက်တဲ့လူက ဗမာမဟုတ်ဘူး။ ကယန်း စစ်သားရဲ့ ခွေးပစ်တုတ်တွေပေါ့” ဟု ပြောပါသည်။
လွိုင်ကော်မြို့
ယခုကဲ့သို့ စစ်ဆေးမှုများ ပိုမိုလုပ်လာရခြင်းမှာ လက်နက်ကိုင် အဖွဲ့အစည်းများအား ကြောက်ရွံ့ခြင်းဖြစ်သည့်အပြင် ဖောက်ခွဲရေးပစ္စည်းများ ပါရှိလာမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ဟု စစ်တပ်နှင့် နီးစပ်သူတဦးက ပြန်လည်ပြောပြသည်။
ထို ပန်ကန်းဂိတ်သည် လွိုင်ကော်မြို့အ၀င်ဂိတ်ဖြစ်ပြီး ဘောလခဲ၊ ဖာဆောင်း၊ ဘီပီ ၁၄ လမ်းမှ လမ်းဆုံ တခုဖြစ်သည်။
“မြို့အ၀င်ဂိတ်မှာ အသေစစ်တယ်။ ဆိုင်ကယ် ဆင်းတွန်းရတယ်” ဟု လွိုင်ကော်မြို့နယ်မှ ခရီးသွားတဦးကလည်း ပြောပါသည်။
စစ်သားနှင့် ရဲများ ပူးပေါင်းပြီး နေ့စဉ် လူအ၀င်အထွက်ကို စီစစ်မှုပြုလုပ်ပြီး မှတ်ပုံတင်ကိုလည်း စစ်ဆေးသည်။ ထိုသို့ စစ်ဆေးမေးမြန်းရာတွင် ရိုက်နှက်ခြင်း မရှိသော်လည်း ဆူငေါက် အော်ဆဲခြင်းများ ပြုလုပ်သည့်အတွက် ခရီးသွားများ ကြောက်ရွံ့နေကြရသည်ဟု သတင်းရရှိပါသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment