10 November 2010

ကောက်ပင်ရိတ် ရွေးကောက်ပွဲ

Posted by လွမ်းနိုင်ထူး

ပြောလို့  မဆုံးအောင်
တော သုံးတောင်မက
သတင်းတွေကို အမှောင်ချ
ငါတို့ ကွ..
တဗိုလ်ကျ တဗိုလ်တက်
တအိမ်တက် တအိမ်ဆင်း
ဇွတ်အတင်းလဲ မဲဆွယ်
ခြောက်ခြားဖွယ် စကားလုံးတွေနဲ့ 
ထူးခြားစွာဖြစ်တည်
မြန်မာပြည် က
ရွေးပြီးကောက်တဲ့ ရွေးကောက်ပွဲ။

ရွေးကောက်ပွဲဥပဒေကို ဘေးဖယ်
ကော်မရှင်စည်းမျဉ်းတွေကို ဘေးဖယ်
ဟိရိသြတ္တပ္ပတွေကို ဘေးဖယ်
အရေးနိမ့်မယ် မြင်.တွေး
ကော်မရှင်ရုံးမှ မဖွင့်ရသေးဘူး
ထူးထူးခြားခြား
ဌုံဖွ မဲကဒ်ပြားများ
ကြံ့ခိုင်ဖွံ့ ဖြိုး အတွက်
ကြိုတင်ရောက်နင့်ထားပြီး
ရွေးပြီးကောက်တဲ့ ရွေးကောက်ပွဲ။

NDF နဲ့ ကျန်ပါတီ
အောင်ပြီ နိုင်ပြီ
ပိတိ သီကုံး
ပျော်လို့ မှ မဆုံးခင်
ကြိုတင် မဲနဲ့ ပေါင်းစပ်
အပြတ်အသတ်
ကြံ့ခိုင်ဖွံ့ ဖြိုးက နိုင်လိုက်ပါပြီ
မြန်မာပြည်က
ရွေးပြီးကောက်တဲ့  ရွေးပြီးကောက်ပွဲ။
”မင်းတာရာ”

0 kommentarer:

Post a Comment