နိရဉ္စရာမှ......
မောင်အေး
-------------
မနက်ဖြန်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သူ့ပါတီ ကိုယ့်ပါတီ အနိုင် ရရှိရေး စည်းရုံး ဟောပြောရာမှ အငြင်းပွားကြပြီး မောင်တောမြို့နယ်တွင် ကြံ့ ဖွတ်ပါတီ အဖွဲ့ဝင်တဦး ၀ိုင်းရိုက် ခံရ၍ ဆေးရုံသို့ ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။
အရိုက်ခံရသည့် သူမှာ ကြံ့ဖွတ် ပါတီ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဇော်ဝင်း၏ တူတော်သူ ဖြစ်သည်။
“ သူက ရယကဟောင်း ချူးကူးအာလောင် ဆိုတဲ့ သူဖြစ်ပါတယ်။ သူဦးလေးကို မဲပေးဖို့ လူတွေကို အတင်းဟောပြောနေလို့ အရိုက်ခံရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
မွတ်ဆလင် အမျိုးသားများက အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီကို မဲပေးရန် အစည်းဝေးပြောနေစဉ် ကြံ့ဖွတ်ကိုသာ မဲပေးရန်သူက လာရောက်ပြောကြားသဖြင့် အရိုက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောသည်။
“ ကျွန်တော်တို့ ကြက်ရိုးချောင်းရွာမှာ အစည်းအဝေး လုပ်နေချိန်မှာ သူက ကုလားလို “ချိန်းဟော မာရကာ ဘုတ်ဒီ” “ ခြင်္သေ့ တံဆိပ်ကိုမဲပေး” ဆိုပီး အဲသလို လာပြီး ဟောပြောတယ်။ ဒါကို မကျေ နပ် တဲ့လူတွေက ထွက်ပြီ်းရိုက်ကြတာ ဖြစ်ပါတယ်။ ဦးခေါင်းမှာ ကွဲသွားတယ်။ အခုတော့ နစက စခန်း အတွင်းက ဆေးရုံမှာ တင်ထားရပါတယ်”
မကြာသေးမီကလည်း မောင်တောမြို့နယ် ခမောင်းချောင်းတွင် ကြံ့ဖွတ် ပါတီနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီတို့ အကြီးအကျယ် ရိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် လူ ၅ ဦးထက် မစုရဟု ဆိုကာ ရွေးကောက်ပွဲကော်မရှင်က ပုဒ်မ ၁၄၄ ထုတ်ခဲ့သည်။
ယခုအခါ အစည်းဝေးပြုလုပ်ခဲ့သည့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ အဖွဲ့ဝင်များကို အမှတ် ၅ နယ်မြေ နစကစခန်းသို့ခေါ်ယူပြီး နယ်မြေမှူး ဗိုလ်မှူး သန်းနိုင်မှ မနက်ဖြန်တွင် ကြံ့ ဖွတ်ပါတီကို မဲပေးကြရမည်ဟု ဖိအား ပေးပြောကြားခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကြံ့ဖွတ်နှင့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ သုံးခုသာ ၀င်ရောက် ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
6 November 2010
ကြံ့ဖွတ် အဖွဲ့ဝင်တဦး ၀ိုင်းရိုက်ခံရ၍ ဆေးရုံရောက်
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment