ဧရာဝတီဘလော့မှ.....
ထိုင်း-မြန်မာ နယ်စပ်က ကရင်ဒုက္ခသည်စခန်းတခုရှိ စာသင်ခန်းထဲကို အလည်အပတ်ရောက်ခဲ့တဲ့ လော်ရာ ဘုရှ်ပါ။ (ဓာတ်ပုံ - AFP)အမေရိကန် သမ္မတဟောင်း ဘုရှ်၏ ဇနီး လော်ရာ ဘုရှ်က မြန်မာစစ်အစိုးရရဲ့ တရားမမျှတသော ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုကြဖို့ ကမ္ဘာကို တိုက်တွန်းလိုက်ပါတယ်။
“ဒီကိစ္စကို ထုတ်ဖော် ပြောဆိုကြဖို့နဲ့ မြန်မာ ပြည်သူလူထုထံ ရနိုင်တဲ့ ဖြစ်တဲ့ နည်းနဲ့ ပြောဆိုအားပေးကြဖို့ ကမ္ဘာက လုပ်ပေးနိုင်ကြပါတယ်” လို့ သတင်းမှောင်ချခံထားရတဲ့ မြန်မာပြည်သူတွေကို ရည်ညွန်းပြီး RFA နဲ့ အင်တာဗျူးမှာ မစ္စက် လော်ရာ ဘုရှ်က ပြောသွားပါတယ်။
အမေရိကန်နဲ့ ဥရောပနိုင်ငံများရဲ့ မြန်မာပြည်သံရုံးများက စစ်အစိုးရရဲ့ ဟန်ပြ ရွေးကောက်ပွဲ လေ့လာရေးခရီးစဉ်ကို မလိုက်ကြဖို့လည်း တိုက်တွန်းပြောဆိုပါတယ်။
“ကမ္ဘာတလွှားက လူတွေ အများကြီး အများကြီးက မြန်မာပြည်သူတွေအတွက် စောင့်ကြည့်နေပါတယ်၊ အလေးထားပါတယ်” လို့ လော်ရာ ဘုရှ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့လည်း လော်ရာဘုရှ်က ဒီလိုပြောပါသေးတယ်။
“ကမ္ဘာတလွှားမှာ သူ့ကို အားပေးနှစ်သက်နေသူပေါင်း များစွာ ရှိပါတယ်ဆိုတာကို သူသိစေချင်ပါတယ်။ နိုင်ငံတလွှားက လူထုတွေ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ မြန်မာပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆက်မပြတ် အားပေးဆောင်ရွက်မှုတွေအတွက်ရယ်၊ သူ့ရဲ့ လှပ ငြိမ်းချမ်းတဲ့ သဘောထားတွေ အတွက်ရော လူတွေက သူ့ကို အားပေးနှစ်သက်ကြပါတယ်”






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment