နိရဉ္စရာ သတင်းဌာန မှ...
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကံချောင်းကျေးရွာတွင် ဆည်မြောင်းဦးစီးဌာနမှ ဆည်ထားသော တာတမံ တစ်ခုကို ဆည်မြောင်း အရာရှိများက ဖေါက်ချလိုက်သဖြင့် လယ်ဧက ထောင်ချီ၍ ပျက်စီးသွားကြောင်း သတင်းရရှိသည်။
“သူတို့က ရွေးကောက်ပွဲ ပြီးတဲ့ နောက်တစ်နေ့မှာ မော်တော်ဘုတ် တစီးနဲ့ လာပြီး တမံ တုတ်ထားတဲ့ ဆည်ကို ဖေါက်ချလိုက်တဲ့အတွက် ဆားငံရေတွေ ၀င်ပြီး လယ်ဧက တထောင်နီးပါး ပျက်စီးသွားခဲ့ပါတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ဆည်ကို ဖေါက်ချရသည့် အကြောင်းအရင်းကို သူက ယခုကဲ့သို့ ဆက်ပြောသည်။
“ရွေးကောက်ပွဲ မတိုင်မှီက ရယက ဥက္ကဌရယ်။ ကြံ့ခိုင်ရေး တာဝန်ရှိသူတွေရယ်။ နောက်ပြီး ဆည်မြောင်းက တာဝန်ရှိသူတွေရယ် ကျွန်တော်တို့ ရွာကို ရောက်လာပြီး ကြံ့ခိုင်ရေးကို မဲထည့်ဖို့ ပြောပါတယ်။ မဲမထည့်ရင် ဒုက္ခတွေ့မယ် ဆိုပြီးလည်း သူတို့က ပြောပါတယ်။ ရွေးကောက်ပွဲနေ့မှာ ရွာသားတွေက ကြံ့ခိုင်ရေး ပါတီကို မဲမထည့်ဘဲ ရခိုင်ပါတီကို မဲထည့်လိုက်တော့ သူတို့က လုံးဝ မကျေနပ် ဖြစ်သွားပါတယ်။ ဒါကို လက်စားချေတဲ့ အနေနဲ့ နောက်တစ်နေ့ နံနက်ပိုင်းမှာ တမံတုတ်ထားတာကို လာပြီး ဖေါက်ချလိုက်ပါတယ်။”
စပါးပင်များမှာ အသီး သီးစပြုနေချိန်တွင် ဆားငံရေများ ၀င်ရောက်သွားသဖြင့် အားလုံး ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ ဆည်မြောင်းဌာနမှ ဆည်ကို ဖေါက်ချလိုက်သဖြင့် လယ်မြေဧက အများအပြား ပျက်စီးသွားကြောင်းကို ကျေးရွာလူကြီးများက ပေါက်တောမြို့နယ် မယက ဥက္ကဌအား သွားရောက်တိုင်ကြားရာ မယက ဥက္ကဌ ခင်မောင်လွှင်မှ “ခင်ဗျားတို့ ရခိုင်ပါတီ ရတပကို မဲထည့်တဲ့အတွက် ရခိုင်ပါတီကိုဘဲ သွားတိုင်ပါ” ဟု ဆိုကာ ငေါက်ငမ်းပြီး ကျေးရွာလူကြီးများကို ရုံးခန်းထဲမှ မောင်းထုတ်လိုက်ကြောင်း သိရသည်။
မုန်တိုင်းဒဏ်ကြောင့် ထိခိုက်နစ်နာနေရသော လယ်သမားများ အနေဖြင့် အာဏာပိုင်များမှ တာတမံကို ဖေါက်ချရာမှ လယ်မြေဧက များစွာ ထပ်မံပျက်စီးသွားသဖြင့် တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေကြရကြောင်း သိရသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment