ခင်နှင်းလွင်၊ ဘားအံ
နိုဝင်ဘာ ၁၂၊ ၂၀၁၀
လိုင်စင်မဲ့ကားများအား အခွန်ပေးဆောင်စေပြီး လိုင်စင်ထုတ်ပေးခြင်းကို စက်တင်ဘာ ၂၂ ရက်နေ့တွင် ရပ်ဆိုင်းလိုက်ပြီဖြစ်သော်လည်း ကရင်ပြည်နယ် ဖားအံမြို့တွင်မူ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းပြီးဖြစ်သည့် ဗိုလ်စောချစ်သူတို့၏ ဒီကေဘီအေ အဖွဲ့ကိုမူ လိုင်စင်ထုတ်ပေးနေဆဲ ဖြစ်သည်ဟု ဘားအံမြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။
“ကားလိုင်စင်တွေကို ဒီကေဘီအေက လူတွေက သိန်း၁၄၀၀ ယူပြီးလုပ်ပေးနေတယ်။ လိုလိုပိုပို သိန်း ၁၄၀၀ပေါ့။ ဒီလိုနဲ့ ဘားအံမှာလည်း တဲခိုခန်းတွေ ဟိုတလောက လူကြပ် နေတယ်။ ကားတွေကလည်း မာစီးဒီး တွေလို၊ ဆာ့ဖ်တွေ၊ လန်းခရူဇာ တွေလည်း ပါတယ်။ ဘယ်တော့ ပြန်ပိတ်မလဲ တော့မသိဘူး”
လို့ ဘားအံမြို့မှ ကျောင်းသားတစ်ဦးက ပြောပြသည်။
“အခုကားလိုင်စင်တွေ ချပေးတော့ ဗိုလ်ချစ်သူ ကိုယ်တိုင်လုပ်နေတယ်။ ဒီကေဘီအေက တပ်ကြပ်အဆင့် စီးတဲ့ကားတောင် အပျံစားပဲ။ အခုတလော ဘားအံဘက်မှာ ကားကောင်းကောင်းတွေ တွေ့နေရတယ်။”
လို့ ဘားအံမြို့မှ မြို့ခံတဦးကလည်း ပြောပြသည်။
ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ ဒီကေဘီအေ အဖွဲ့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က စစ်အစိုးရကို တိုက်ခိုက်နေတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ကေအန်အယ်လ်အေ အဖွဲ့မှခွဲထွက်ခဲ့ပြီဲး့ မြန်မာစစ်အစိုးရနဲ့ လက်နက်ကိုင် ငြိမ်းချမ်းရေးယူခဲ့ပါတယ်။
ရွေးကောက်ပွဲ မတိုင်မီ တစ်နှစ်အလိုမှာတော့ ဒီကေဘီအေ အဖွဲ့အပါအ၀င် ငြိမ်းချမ်းရေးယူထားတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းဖို့ စစ်အစိုးရက ဖိအားပေးခဲ့ပြီး ဒီကေဘီအေ တပ်ဖွဲ့ရဲ့ အချို့က လက်ခံခဲ့ပေမယ့် အင်အား ၅၀၀ ၀န်းကျင်ရှိတဲ့ ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) အဖွဲ့က လက်မခံပဲ ငြင်းဆန်ခဲ့ပါတယ်။ အဆိုပါအဖွဲ့က ရွေးကောက်ပွဲ ကျင်းပတဲ့ ရက်မှာမြ၀တီမြို့ကိုခေတ္တသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရက သြဂုတ်လမှ စက်တင်ဘာလကုန်အထိ လိုင်စင်မဲ့ကားတွေကို အစိုးရကသတ်မှတ်တဲ့ ရာဖြတ်တန်ဖိုး ၈၅ ရာခိုင်နှုန်း ပေးဆောင်ပြီး လိုင်စင်ထုတ်ပေးခဲ့ပါတယ်။ စစ်အစိုးရ အနေနဲ့ ကျပ်ငွေ ဘီလျံနဲ့ ချီပြီးရရှိခဲ့တဲ့ အစီအစဉ်ဟာ စက်တင်ဘာမှာ ရပ်ဆိုင်းခဲ့ပြီးနောက်မှာ ယခုလို ဒီကေဘီအေ စစ်ခေါင်းဆောင်တွေကို သီးသန့် ကားလိုင်စင်ချပေးနေတာပါ။
http://moemaka.com/






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment