ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲစတင်ဖြစ်ပွားနေဟု သတင်းရရှိသည်။ ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေပါသည်။
သျှမ်းသံတော်ဆင့်သတင်းဝဘ်ဆိုက်တွင် ဖော်ပြထားမှုကို ပြန်လည်ဖော်ပြ အပ်ပါသည်။
ယနေ့ ညနေ ၅ နာရီ တပ်မဟာ ၁ ၀မ့်ဟိုင်းဌာနချုပ်တောင်ဘက် ကျေးသီး- မိုင်းရှူး ကားလမ်းရှိ ၀မ့်ဆော့မှာ အခြေစိုက်တဲ့ တပ်မ ၃၃ လက်အောက်ခံ အင်အား ၆၀ လောက်ရှိတဲ့ နအဖတပ်က ကားလမ်းအနောက်ဘက်မှာရှိတဲ့ အပစ်ရပ် သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း အမှတ် ၂၄ ကို ဦးစွာဝင်ရောက် တိုက် ခိုက်ခဲ့ပါတယ်။
ည ၇ နာရီအထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးတဲ့ ကွန်ကျိုင်းရွာ ကတော့ ကျေးသီး-မိုင်းနောင်-မိုင်းရှူးလမ်းခွဲရဲ့တောင်ဘက် ၀မ့်ဆော့ရွာ အနောက်ဘက် ၃ မိုင်လောက်အကွာမှာ ဖြစ်ပါတယ်။
ပြည်သူ့စစ်အသွင်ပြောင်းရေးငြင်းဆန်တဲ့ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း အမှတ် ၂၄ ကို ဗိုလ်ကြီး လောဝ်တိုင်းက ဦးဆောင်နေပြီးခုခံတိုက်ခိုက်တာပါ။ အခုချိန်မှာ သျှမ်းတပ်ကို နအဖ တပ်က၀ိုင်းရံ ပစ်ခတ်နေပြီး အဲ့ဒီတ၀ိုက်မှာရှိတဲ့ သျှမ်းတပ်ဖွဲ့ကလည်း နအဖတပ် အပြင် ဘက်ကနေ ထပ်မံဝိုင်းရံနေတယ်လို့ဆိုပါတယ်။ နအဖဘက်ကလည်း မိုင်းရှူး ဘက်က စစ်အင်အားတွေ ပို့ဆောင်နေဆဲဖြစ်တယ်။ နှစ်ဘက်စလုံးတပ်ကူတွေ ပို့နေကြလို့ ဒီတိုက်ပွဲဟာ ကြာမြင့်နိုင်တယ်လို့ တပ်မဟာ ၁ က အရာရှိတဦးက သျှမ်းသံတော်ဆင့်ကိုသတင်းပေးပို့ပါတယ်။
ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်မှာစိုးလို့ သျှမ်းတပ်ဘက်က တရှောင်ရှောင် ဝေ့ပတ်နေ တဲ့ကြားက နအဖတပ်က အရင်သွားပစ် ဖြစ်တယ်လို့ SSA-N တပ်မှူးတယောက်က မကျေမချမ်းပြောပြပါတယ်။
11 November 2010
ရှမ်းမြောက်တွင် တိုက်ပွဲ စတင်ဖြစ်ပွား
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment