ကရင်အမျိုးသားများခင်ဗျား-
တိုင်းရင်းသား လူမျိုးစုံပြည်သူများခင်ဗျား-
(၁)၊လူမဆန်သည့် နအဖ ဖက်ဆစ် စစ်အုပ်စု. ကရင်မျိုးဖြုတ်ရေး စီမံချက်ကို လက်သင့်မခံသော။စစ်
အုပ်စု သက်ဇိုးရှည်ရေး အတုအယောင်ရွေးကောက်ပွဲကိုဆန့် ကျင်သော။ စစ်ကျွန်သက်သက်ဖြစ်သည့်
နယ်ခြားစောင့်တပ်ဖွဲ့ စည်းရေးကို ဆန့် ကျင်သော သူရဲကောင်းပီသသော တပ်မဟာ(၅)မှူး
ဗိုလ်မှူးချုပ် စောလာပွဲနှင့် ကရင်လက်နက်ကိုင် ရဲဘော်များသည် နိုဝင်ဘာလ (ရ) ရက်နေ့ မှစတင်၍မြဝ
တီမြို့ ရှိရန်သူ နအဖများကို တိုက်ခိုက်လိုက်ပြီးဖြစ်သည်၊ ထိုတိုက်ခိုက်မှုသည်ပြည်ထောင်စုတ၀ှမ်းလုံးရှိ
ကျောင်းသားလူငယ်များ။ ရဟန်းသံဃာတော်များ။ လူတန်းစားအလွှာပေါင်းစုံမှ လုပ်သားပြည်သူများ။
ဗမာ့တပ်မတော် ကြည်း။ရေ။ လေ။ ပြည်သူ့ ရဲ တပ်ဖွဲ့ များမှမျိုးချစ် အရာရှိ။ အရာခံ။ အကြပ်။ စစ်သည်
တော်များကို “နအဖ ဖက်ဆစ်ဆန့် ကျင်ရေး ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးတရပ် စတင် ဆင်နွဲလိုက်
ပြီး”ဆိုသည့်အချက်ပြ သေနတ်သံများ ဖြစ်သည်။
(၂)၊တပ်မဟာ(၅) မှူး ဗိုလ်မှူးချုပ်စောလားပွဲနှင့် သူရဲကောင်းပီသသော ကရင်လက်နက်
ကိုင်ရဲဘော်များသည် ကရင်အမျိုးသားခေါင်းဆောင်ကြီး အာဇာနည်စောဘဦးကြီး. တော်လှန်သည့်
သစဏာတရား (၄) ပါး (၀ါ) မူလေးချက်ကို စွဲစွဲမြဲမြဲဆုတ်ကိုင်ပြလိုက်ခြင်းဖြစ်သလို။ ဒေါ်စုဘခင် ဗိုလ်ချုပ်
အောင်ဆန်း.တော်လှန်သောသြ၀ါဒဖြစ်သည့် “ဒီမိုကရေစီနဲ့ လူ့ အခွင်းအရေးကိုတောင်းလို့“ရရင်ရ-
မရရင်ချ”ဆိုသည့်မူကို အကောင်အထည်ဖေါ်ပြလိုက်ခြင်း ဖြစ်သည်၊
ကရင်အမျိုးသားများခင်ဗျား-
တိုင်းရင်းသားလူမျိုးစုံပြည်သူများခင်ဗျား-
(၃)၊နအဖ ဖက်ဆစ်လူသတ်သမားများ.ဖိနှိပ်ကျွန်ပြုမှုကို ခေါင်းငုတ်။လည်စင်းမခံနေဘဲ ညီကိုတော်
လူမျိုးစုများနှင့်၎င်း။လူတန်းစားအလွှာပေါင်းစုံမှလူမျိုးစုံပြည်သူများနှင့်၎င်း။ခိုင်မာစွာလက်တွှဲု တိုက်
ပွဲပုံစံမျိုးစုံကိုရဲရဲဝန့် ဝန့် ဆင်နွဲကြပါရန် မေတျွှာရပ်အပ်ခံပါသည်၊
(၄)၊ ဗမာ့တပ်မတော် ကြည်း။ရေ။လေ။ ပြည်သူ့ ရဲတပ်ဖွဲ့ တို့ မှ အရာရှိ။ အရာခံ။ အကြပ်။ စစ်သည်တော်
များသည် နအဖ ဖက်ဆစ်လူမိုက်တစု. ရာသက်ပန် စစ်အာဏာရှင်စနစ်ထူထောင်ရေး။ စစ်ကျွန်ဇာတ်
သွင်းနေမှုများမှရုံးထွက်တော်လှန်သောလူမျိုးစုံပြည်သူများ နှင့်ခိုင်မာ စွာလက်တွှဲုဟန်ချက်ညီတိုက်
ပွဲဝင်သွားပါရန် ထပ်မံမေတ္တာရပ်ခံအပ်ပါသည်၊
(၅)၊ နအဖ ဖက်ဆစ်ဆန့် ကျင်ရေး ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးအောင်ပွဲဆင်နွဲနိုင်ရန် လူမျိုးစုံပြည်
သူတရပ်လုံးမှ-(ကာယ။ ဥာဏ နှင့် ဓန အင်အားများဖြင့် ၀ိုင်းဝန်းပံ့ပိုးကြပါရန်) ထုတ်ပြန်ကျေညာအပ်
ပါသည်၊
“နအဖဖက်ဆစ်ဆန့် ကျင်ရေး။ ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးဆင်နွဲကြ”
“ဒီမိုကရေစီနှင့် လူအခွင့်အရေး ရရင်ရ-မရရင်ချ”
(၂)
“တိုင်ရင်းသားလူမျိုးစုံပြည်သူများ သွေးစည်းကြ”
လေးစားစွာဖြင့်-
1) (KCM) Karen Community of Minnesota.
(2) (KCA) (UK) Karen Community Association (United Kindom)
(3)(KYO)- Korea. Karen Youth Organization (Korea)
(4) ဘက်မလိုက် လွတ်လပ်သောကရင်လူမှုအဖွဲ့အစည်း (နော်ဝေးနိုင်ငံ)

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment