Voice of Karen ကရင့်အသံ အသံလွင့်ရုံသစ်
သင့်ရဲ့ အားလဒ်ရက်စနေတနင်္ဂနွေရက်မျိုးမှာအပျင်းပြေသီချင်းနားထောင်
ချင်သော်လည်းကောင်းသိမှတ်ဖွယ်ရာကရင်ယဉ်ကျေးမှုအဖြာဖြာနှင့်သီ
တင်းပဒေသာများကိုကရင်ဘာသာစကားများဖြင့်နားဆင်ချင်ရင်တော့
အမေရိကန်ပြည်ထောင်စု မီနီဆိုးတားပြည်နယ်မှာလွင့်ထုတ်တဲ့အသံလွင့်
ရုံတစ်ခုဖြစ်တဲ့ Hmong Minnesota Radio မှ Voice of Karen ကရင်ပိုင်း
အသံလွင့်အစီအစဉ်မှ ကရင့်အသံကို အင်တာနက်ဝက်ဆိုဒ်စာမျက်နှာတွင်
၎င်း အိမ်ဖုန်း၊လက်ကိုင်ဖုန်းများတွင်၎င်း၊ရေဒီယိုများဖြင့်၎င်းဖမ်းယူနား
ဆင်နိုင်ကြပါပြီ။
ဘယ်လိုနားဆင်ကြမလဲ မပူပါနဲ့ အောက်မှာရေးပြပေးပါ့မယ်
သင်ရေဒီယိုနဲ့နားထောင်ချင်တယ်ဆိုရင်တော့ သင့်မှာ Motrosonix
အမျိုးအစား FM ရှိတဲ့ ရေဒီယိုတစ်လုံးရှိဘို့လိုအပ်ပါတယ် အဲဒီရေဒီ
ယိုရှိပြီးဆိုရင်တော့ FMလှိုင်းတို 92KHZကိုလှည့်လိုက်ယုံဘဲလေ
ဒါပေမဲ့ မီနီဆိုးတားပြည်နယ်တစ်ပြည်နယ်စာလောက်သာဖမ်းယူနား
ဆင်နိုင်ပါမယ်။
အင်တာနက်ဝက်ဆိုဒ်စာမျက်နှာမှာတော့
http://www.hmnradio.com/
ကိုဖွင့်လိုက်ပါ မီးမှိတ်တုတ်မှိတ်တုတ်ပြနေတဲ့ ON AIR စာလုံးကို
ကလစ်လုပ်လိုက်ပါ
ပြီးရင် သင့်ကွန်ပျူတာမှာနဲ့တူညီရှိနေတဲ့
Windows Media player, Winamp player, ဒါမှမဟုတ်
Flash player တစ်ခုခုကိုရွေးချယ်ပြီး ကလစ်လုပ်လိုက်ရင်တော့
နားဆင်လို့ရပါပြီးတဲ့ဗျာ ဒါပေမဲ့အသံလွင့်ချိန်ဖြစ်တဲ့
ဒေသစံတော်ချိန် 1:00 Pmမှ3:00 Pmအတွင်းမှာသာ
ဖမ်းယူနားဆင်နိုင်မှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဘန်ကောက်မြို့ မှာနေထိုင်သူတွေအတွက်ကတော့
သန်းခေါင်ကျော်မနက်(၁)နာရီမှ(၃)ကြား အချိန်မှာဖမ်း.
ယူနားဆင်နိုင်ကြမှာဖြစ်ပါတယ်။
အိမ်ဖုန်း၊လက်ကိုင်ဖုန်းတွေနဲ့ ဖမ်းယူနားဆင်လိုတဲ့သောတရှင်
အတွက်ကတော့ အမေရိကန်ပြည်ထောင်စုအတွင်းမှာ
အခမဲ့နားဆင်နိုင်ပြီး ကမ္ဘာ့နိုင်ငံရပ်ခြားမှနေထိုင်သူတွေအတွက်
ဆိုရင်တော့ ဖုန်းကဒ်ထည့်ပြီးနားထောင်ရမှာဖြစ်တဲ့အတွက်
ဖုန်းကဒ်ဘိုးကုန်ပါလိမ့်မယ်။
တယ်လီဖုန်းကိုဘယ်လိုနှိပ်ရမလဲ ဒီလိုလေဗျာ လွယ်လွယ်လေးပါ
(၁) 17124323900 ကိုအရင်ခေါ်လိုက်ပါ အင်္ဂလိပ်လိုစကားခဏလေးပြောလိမ့်မယ်နားမလည်လဲကိစ္စမရှိပါဘူး
စကားပြောပြီးတာနဲ့
( ၂) Code နံပါတ် 410430 ကိုနှိပ်ပါပြီးတာနဲ့တစ်ဆက်တည်း # လေးချောင်းကြက်ခြေခတ်ကိုပါဆက်နှိပ်လိုက်ရင် အင်္ဂလိပ်လို
တစ်ခွန်းနှစ်ခွန်းပြောပြီးတာနဲ့ ကရင့်အသံကိုသင်နားဆင်လို့ရပါပြီး
ဒီအသံလွင့်အစီအစဉ်ဟာ Oct 24,25 ဒီအပတ်စနေတနင်္ဂနွေ
မှာဘဲစတင်လွင့်သေးတာဖြစ်တဲ့အတွက်အားနည်းချက်တွေ
များစွာရှိနေပါသေးတယ်မီနီဆိုးတားပြည်နယ်ရောက် ကရင်မျိုး
သားများမှ ကရင့်အသံအဖွဲ့က စီစဉ်ထုတ်လွင့်တာဖြစ်ပါတယ်။
သူတို့နဲ့တိုက်ရိုက်ဆက်သွယ်ချင်ရင်တော့
၆၅၁-၂၄၅-၅၀၄၀ ကိုမေးမြန်းစုံစမ်းနိုင်ပါတယ်။
စနေနဲ့ တနင်္ဂနွေ နှစ်ရက်သာ အပတ်တိုင်းထုတ်လွင့်ပါသည်
http://paarwanar.blogspot.com/ မှ ကူးယူဖေါ်ပြပါသည်။
26 October 2010
Voice of Karen ကရင့်အသံ အသံလွင့်ရုံသစ်
Etiketter: ကရင်သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment