သူငယ်ချင်းတို့ ရေ.... သိပြီးသာတွေရှိကြသလို မသိတဲ့သူတွေလဲရှိကြမှာပါ...
ဖူးဒီနေ့ ရေးသာမှာကတော့*** ကိုယ်ကောင်းရင်^-^ ခေါင်းဘယ်မရွေ့ ***ဆိုတဲ့စကားပုံပါပဲရှင်..
***အခု ဖူးပြောမဲ့ စကားပုံလေးရဲ့  အဓိပ္ပါယ်ကို သေသေ ချာချာရှင်းအောင် မှတ်ထားရမယ်နော်
ကိုယ်ခန္ဒာကောင်းနေရင် အခြေအနေ မပျက် ရပ်တည်နိုင်သလို အခြေခံစေတနာ မှန်ကန်ရင်
အခြေအနေမပျက် ရပ်တည်နိုင်တယ်လို့  ဆိုလိုတယ် ဒါကြောင့် ကိုယ်ခန္ဒာဆိုတဲ့ ပင်ရင်း
စိတ်ဓာတ် ကောင်းမွန်ရင် ဦးခေါင်းဆိုတဲ့ ဘ၀ရပ်တည်မှု မဏ္ဍိုင် ခိုင်ခံ့ မြဲမြံ တယ်လို့ 
မှတ်သာထားပါ သူငယ်ချင်းတို့ ရေ...
***တကယ်တော့ လူတစ်ယောက်ရဲ့  ပင်ကိုစိတ်ရင်းဟာ သန့် ရှင်း စင်ကြယ် ပြီးသားပါ သူငယ်
ချင်းတို့ ရယ် အဲ့ဒီပင်ကို စိတ်အပေါ်မှာ ရောယှက်လာတဲ့ အသွေးအရောင်တွေအပေါ် မှုတည်ပြီး
ဖြူစင်ခြင်း၊မည်းညစ်ခြင်း၊ ဆိုတာဖြစ်လာရတာပဲ ဒီတော့ စိတ်ကို အဖြူထည် အတိုင်းပဲ ထားမလား
အရောင်ဆိုး ပစ်မလား စဉ်းစားကြနော် သူငယ်ချင်းတို့ ....
***မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ စကားလည် ရှိတယ်မဟုတ်လား ဒါကြောင့် ကိုယ်သာ အဓိက
ဖြစ်တယ် ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ နိုင်ဘူးလေ ကိုယ့်ကိုကိုယ် အားကိုးဖို့ လိုတယ်
ကိုယ့်ကိုကိုယ် မြင့်တင်ဖို့ လိုတယ် လူဆိုတာ အတ္တဗဟိုပြု ၀ါဒီတွေမို့  ကိုယ့်ကိုကိုယ်တော့ ချစ်ကြ
ပြီးသားပါ မခဲယဉ်းလှပါဘူး တစ်ခုပဲရှိတယ် ကိုယ်ကောင်းဖို့ အတွက် သူတစ်ပါးကို အဆိုးမပြုမိစေဖို့ 
လိုတယ် သူငယ်ချင်းတို့ ...
***ခံယူချက်ပြင်းထန် ခိုင်မာတဲ့သူတွေဟာ ဘယ်လို ဖြာယောင်း သွေးဆောင် မှုကိုမှ မတုန်လှုပ်ကြဘူး
တကယ်တော့ ခံနိုင်ရည်ဆိုတာ လူတစ်ယောက်ရဲ့  အရည်ချင်း တစ်ရပ်ပဲ သူငယ်ချင်းတို့ ရဲ့ 
နှလုံးသားကို နူညံ့ပျော့ပျောင်းပါစေ ဒါပေမဲ့  ခေါင်းကိုတော့မာမာထားပါ သွေးမကျဲပါစေနဲ ၊
သွေးရဲပါစေ ၊ ဆုံးမစကားကို နားထောင် တတ်သူဖြစ်ပါစေ သွေးထိုးစကားကို နားထောင်
တတ်သူ မဖြစ်ပါစေနဲ့  ......
***ကိုယ့်ကိုကိုယ် ချုပ်ထိန်းနိုင်သူတွေဟာ ထက်မြက် ထူးချွန်သူတွေ ဖြစ်လာတတ်ကြပါတယ်
ကိုယ်လုပ်သမျှကို ကောင်းလည်းကိုယ်စံ ညံ့လည်းကိုယ်ခံ ကံကိုမယိုးစွပ်နဲ့  မိဘကို လွဲမချနဲ့ 
ကိုယ့်ဘ၀ကိုယ် တည်ဆောက်ရမယ်နော် သူငယ်ချင်းတို့ .....
***ကိုယ့်လမ်းကိုယ်ရွေး ၊ကိုယ့်မျော်လင့်ချက်အတိုင်း ကိုယ့်အစွမ်းအစနဲ့  ကိုယ်ဆိုင်ရုပ်လုံး
ဖော်ကြပါ အရေးကြီးတာက ကိုယ်ကိုကိုယ် ယုံကြည်မှုရှိဖို့ ပါပဲ သူငယ်ချင်းတို့ ရေ.......
***သူငယ်ချင်းတို့ ရေ....အတွေ့ အကြုံဆိုတာ အရက်စက် အကြမ်းကြုတ်ဆုံး ရဲ့  ဆရာပဲ
ဒါပေမဲ့ အဲ့ဒီက သင်ခန်းစာတော့ ယူတတ်စမ်းပါ ယူဖြစ်အောင်လဲ ကြိုးစားကြပါလို့ ...
ဖူး .........တိုက်တွန်ရင်.....
*မိမိသည် ကောင်းအောင်နေတတ်မှ
*မိမိသည် ယုံကြည်မှုအပြည့်ရှိမှ
*မိမိသည် ကြိုးစားတတ်မှ
*မိမိသည် ဘ၀ကိုနားလည်းတတ်မှ
*မိမိဘ၀ရဲ့  အောင်မြင်မှုသည်လည်း
*ပန်းတိုင်ကို ရောက်မှာ ဧကံ မုချ မသွေ ရရှိနိုင်ပါတယ်....
သူငယ်ချင်းတွေ အားလုံး ပျော်ရွှင် ချမ်းမြေ့ ကြပါစေ......ဖူး
26 October 2010
ကိုယ်ကောင်းရင်^-^ ခေါင်းဘယ်မရွေ့ 
Etiketter: *စကားပုံ*
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment