အားစု အင်စိုက် တိုက်ခိုက်တော်လှန်
စစ်အာဏာရှင်ရန်မှ ဝေးလံလွတ်ကင်း
အမှောင်တွင်းမှ ရှင်းရှင်းထွက်ရန်
တူတွန်းလှန်မည် ကရင်သွေးဟေ့ ရဲကြမည်။
အာဏာမလို ထက်ကိုမမှန်း
မငမ်းခွင့်ရေး မတွေးစည်းစိမ်
နှလုံးအိမ်တွင် ကြိမ်ကြိမ်စဉ်းစား
လွတ်လပ်သွားရေး
ဓားကျိုး ဒုတ်ရိုက် တိုက်ခိုက်ကြမည်
ကရင်သတ္တိ ကမ္ဘာသိစေ…………။
ပြည်နယ်တိုင်ဖွား ကရင်များတို့
ကွဲပြားမရှိ မြင်လို၏……….။
နတ္ထိဝမ်းစာ စုပ်ချာအိုးအိမ်
ရောင်မှိန်အ၀တ် ငတ်မွတ်ခေါင်းပါး
ပြည်နယ်ပြည်သား ကရင်များကို
လွတ်လပ်တောင့်တ တွေ့လိုလှ၍
နှင်းအပ်ခန္ဓာ ပေးဆပ်ပါမည်
သက်ကြွေသွားလည်း ဂရုမပြု
သက်သေထုတည် ကရင်သွေးမို့ရဲကြသည်။
မှတ်ချက်။ ။ကရင်အမျိုးသားများအတွက်အသက်ကိုပဓနမထားပဲ မှန်ကန်သော တော်လှန်ရေးလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနေကြသောကရင်တပ်မတော်သားများကို ဤကဗျာလေးအားဖြင့်ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။
8 October 2010
ကရင့်သွေးဟေ့
Etiketter: ကဗျာ
  Subscribe to:
				
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment