ရေအခံမြေအခံမရှိ
မျိုးစေ့ကလည်းမမှန်ရင်
ဘယ်မှာလျှင်အပင်သန်မှာလဲ
ဘယ်မှာလျှင်တော်ဝင်ဆန်မှာလဲ
ဘယ်မှာလျှင်ကြာရှည်ခံမှာလဲ။
ခြောက်ဆယ့်တစ်နှစ်လေမိုးဒဏ်
ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း
သွေးချင်းချင်းနီးလည်းခရီးဆက်
သူရဲကောင်းတို့ ရဲ့ မိခင်
အမှန်ပင်ဖြစ်ခဲ့ ပြီ။
အမျိုးကောင်းသားတို့ ရေ
မိခင်ကြီးရဲ့ သူ့ မေတ္တာနဲ့ သစ္စာထု
အသက်သွေးချွေးများနဲ့ သက်သေပြုလို
့
အာဇာနည်တို့ သွန်းထုပြ
သစ္စာပန်းအလှတို့ ပွင့်ခဲ့ ပြီ။
သူရဲကောင်းတို့ ရေ
သားစားဘီလူးရှေ့မှာ
တစ်ချက်လေးမှ မစိုးရွံ
တစ်ချက်လေးမှနောက်မတွန့်နဲ့ 
မိခင်ကရှေ့ ကသွားမယ်
လိုက်ခဲ့ ကြအောင်ပွဲဆီသို့ ။
(သနူထူ ဂျာနယ် ဇူလှိုင်လ 2010 ကေအန်ယူ ၆၁ နှစ်ပြည့်အထိမ်းအမှတ်မှ ကူးယူဖော်ပြသည်။)
8 October 2010
သူရဲ ကောင်းတို့ ရဲ့ မိခင်
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment