***သူငယ်ချင်းတို့ ရေ.... သိပြီးသာတွေရှိကြသလို
မသိတဲ့သူတွေလဲ ရှိကြမှာပါ...ဖူးဒီနေ့ ရေးသာမှာကတော့.......
*****ဆင်ဖြူတော်မှီ * ကြံစုပ် *****ဆိုတဲ့စကားပုံပါပဲရှင်.....
*****ဒီစကားပုံကတော့ ရေသာခို အချောင်သမားတွေကို ရည်ညွှန်း လှောင်
်ပြောင်ထားတဲ့ ရှက်စဖွယ် တင်စားမှုပေါ့နော် ဆင်ဖြူတော် အတွက် ဆက်သ
တဲ့ကြံကို ဆင်ထိန်က ကပ်မြှောင် စုတ်သလို အရှိန်အ၀ါရှိတဲ့ သူကိုမှီပြီး အခွင့်
အရေး ယူတတ်တဲ့ သူတွေကို ဆင်ဖြူတော်ကို မှီပြီ ကြံစုပ်တဲ့ သူတွေလို့  ခိုင်
နှိုင်းလေ့ ရှိတတ်တယ်..........
*****လောကကြီးမှာ ကိုယ့်အားကိုယ် မကိုးလို့ ဘဲ သူတစ်ပါးကို မှီခိုသူ့ အကျန
်ကို မှီဝဲပြီး ပေါ့ပေါ့လေး နေတတ်သူတွေ အများကြီးရှိတယ် ကိုယ်တိုင်ကတော့
ဖြစ်မြောက်အောင် မကြိုးစားဘဲ တိုးတက် အောင်မြင်နေတဲ့ သူအနားကပ်ပြီး
စားသောက် နေတတ်ကြတဲ့ သူမျိုးတွေဟာ လူဖျင်း လူညံ့ တွေပါပဲ အရိုးပဲ
ကိုက်ရကိုက်ရ ဗိုက်ဝရင်ပြီးရော ကိုယ်သက်သာဖို့  လိုရင်းဆိုတဲ့ အချောင်ခို
လူပျင်းတွေပေါ့ကွယ်........
*****သူငယ်ချင်းတို့ တော့ အဲ့သလို မဖြစ်ကြစေနဲ့ နော် သူများတွေကို မှီခိုရတယ်
ဆိုတာက ကိုယ့်မှာ အရည်အချင်း မရှိလို့ ဘဲ သူငယ်ချင်းတို့ ပညာသင်နေကြတယ်
အဲ့ဒါဘာအတွက်လဲ တနေ့ သောကာလမှာ ထူးချွန်း ထက်မြက်ပြီး ကိုယ့်ဘ၀ကိုယ်
တည်ဆောက် နိုင်မယ့် လူငယ် လေးတွေ ဖြစ်လာဖို့ ပေါ့ ဒါဆိုရင် ဘာဖြစ်လို့  သူ
တစ်ပါးကို အားကိုး ရမှာလဲ ကိုယ်တိုင်း ကြိုးစားရမှာပေါ့ မဟုတ်ဘူးလား သူငယ်
ချင်းတို့ ရဲ့ ......
*****တခုတော့ ရှိတာပေါ့နော် ကိုယ့်ထက် အရည် အချင်း မြင့်မားသူတွေ
ကိုတော့သူငယ်ချင်းတို့  ချဉ်းကပ် သင့်တယ်နော် အဲ့ဒါက သူတို့ ကိုမှီပြီးတော့
ကြံစုပ်ဖို့ မဟုတ်ဘူးနော် သူတို့ ရဲ့ အကူ အညီ ၊သူတို့ ရဲ့ အကြံဥာဏ်နဲ့  ၊ သူတို့ 
ရဲ့ လမ်းညွှန်းမှု ၊ တွေက တဆင့် ကိုယ့်ဘာသာ ကြိုးစားလို့  တတ်အောင်ပါ.........
*****သူများ စိတ်နားကပ် အရောင်နဲ့  ပါးပြောင် နေလို့ တော့ အပိုပဲလေ ဖူး ပြော
တာကို နားလည်ရဲ့ လာ အမှီရှိရတာကို ရှက်စရာ သိမ်ငယ်စရာ မလိုဘူး ဆင်
သွားရင်လမ်းဖြစ်တယ်ဆိုတဲ့ စကားပုံလည်း ရှိနေ သေးတယ်လေ ဆင်သွားရာ
လမ်းကို မြေသားကျစ်လျစ် ခိုင်မာတဲ့ အတွက် စိတ်ချရတဲ့ လမ်းကောင်းဖြစ်
တယ် ဒီတော့ အဲ့ဒီလမ်းအတိုင်း လိုက်နိုင်အောင် ကြိုးစားရမယ် သူ့ ကိုမှီပြီး
ကြံမစုပ်ဘဲ သူ့ လမ်းအတိုင်း လျှောက်တတ်ဖို့ လိုတယ် ......
သူငယ်ချင်းတို့ ရေ.......
အတွေ့  အကြုံနည်းပြီး ၊
မစေ့စပ် မသေချာဘဲ ၊
ပေါ့ပေါ့စား ပေါ့ပေါ့နေ ၊
ရေသာခို အချောင်သမားသည် ၊
အဘယ်မျှပင် စွမ်းရည်သတိနှင့် ၊
ပြည့်စုံစေကာမူ ထိပ်တန်ကို ၊
အောင်မြင်သူ မဖြစ်နိုင်ပါ ၊
သူငယ်ချင်း အားလုံး ပျော်ရွှင်ကြပါစေလို့ ...ဆန္ဒပြုရင်
25 October 2010
ဆင်ဖြူတော်မှီ * ကြံစုပ်
Etiketter: *စကားပုံ*
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment