8 October 2010

ကရင်ညီအစ်ကိုမောင်နှမများသို့ ရင်ဖွင့်စာ



ကျမချစ်သော ကရင်ညီအစ်ကိုမောင်နှမများရှင့်
ကျမ မသိခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်
မေးလည်းမေးချင်ပါတယ် ပြောလည်းပြောစရာရှိပါတယ်
ကျမတို့ ဟာ ညီအကိုမောင်နှမချင်းတွေမို့ အားမနာတမ်း ဝေဖန်ချင်ပါတယ် အပြစ်ပြောတာမဟုတ်ဘူးနော် အလုပ်တစ်ခုအောင်မြင်ရုံနေတာဟာ သူမှာ အချက်အလက်အများကြီးရှိပါတယ် ကိုယ်လုပ်နေသောအလုပ်ဟာ
ဘာလဲဆိုတာ အရင်သိဖို့ လိုပါတယ် တစ်ဦးချင်းအတွက်လားအများအတွက်လားဆိုတာ။ ပြီးရင်ကိုယ့်
ကိုကိုယ်ဘာလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။

အမြဲတမ်းလုပ်ရမဲ့အလုပ်ဆိုတာ ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ချင်းပါပဲ။
ကဲအခုမပြောမပြီးမတီးမမြည်ဆိုသလိုပဲ ကရင်ဆိုတော့ကရင်အကြောင်းပဲပြောရမှာပဲလေ။
၊အခုတလော ကရင်ဘလော့တော်တော်များများမှာ သဘောထားကွဲလွဲပြစ်တင်ဝေဖန်နေကြတာတွေ
အတော်များတွေ့နေရပါတယ်။ ကျမတို့တွေအချင်းချင်းအမြင်မကြည်နေကြတာကို အပြင်လူတွေသိသွားရင်
ဝမ်းသာတာပေါ့။ ကျမတစ်ခုပြောချင်ပါတယ် စွမ်းရည်ထက်တဲ့ ကရင်လူမျိုးတွေ အများကြီးရှိပါတယ်၊
ကိုယ်ထင်ရာကို ကိုယ်စိုင်းနေကြတယ်။



ဒါတွေထားပါအုံးအခုကျမပြောမှာက ခေါင်းဆောင်အကြောင်းပါ။ ဥပမာ တစ်ခုအနေနဲ့ပြောရရင် ဒီကေဘီအေတပ်က တပ်မဟာ(၆)ကိုဝင်တိုက်တာနော် ကရင်အချင်းချင်းတိုက်တာနော် စဉ်းစားကြည့်ပါ။ အပြစ်မဲ့ပြည်သူ(၄၀၀၀)ကျော်ထွက်ပြေးတိမ်းရှောင်ဒုက္ခသည်အမည်ခံနေရတယ်ဆိုတာ အားလုံးအသိပဲ
တခြားလူတွေကိုပြောစရာမရှိဘူး ပြောဖို့ လည်းမလိုအပ်ဘူး။ ကိုယ်ညံ့လို့ ကိုယ်ခံရတာ ရန်သူဘက်ကတော်လို့ မဟုတ်ဘူးဆိုတာ ဗိုလ်မှုးချုပ် ဂျော်နီကိုယ်တိုင်
ပြောခဲ့တာပဲ ။ကဲ ခေါင်းဆောင်ဆိုတာ ခေါင်းရှောင်မဟုတ်ဘူး ။နာမည်ယူဖို့ အတွက်မဟုတ်ဘူး။ကိုယ့်ကိုယုံကြည်တဲ့ လူတွေအတွက် လုပ်ပေးနိုင်ရမယ်။

ကျမတို့ အကိုတွေအမတွေ ကိုယ့်ကိုကိုယ် သိပ်အထင်မကြီးကြပါနဲ့ ။ကိုယ့် ကို
ကိုယ်ဘာမှမဟုတ်ကြသေးဘူးနော်၊ ပွဲရှိလာပြီဆိုရင် ဆိုကြတာပဲလေ အဖွင့်ဖြစ်ဖြစ်
အပိတ်ဖြစ်ဖြစ်သီချင်းဆိုကြတာပဲလေ ။ပွဲပြီးသွားရင်သီချင်းက သီချင်းဖြစ်သွားရော။
ဘာထူးလဲ။ သီချင်းမှာအတုယူစရာအများကြီးလေ ပြင်သင့်လုပ်သင့်တာအများကြီးလေး
ခေတ်အဆက်ဆက်ဆိုလာခဲ့တာပဲ အခုထိစည်းလုံးမှုမရသေးဘူး။

။ဦးခင်ညွန့် ပြောဖူးပါတယ် ဗိုလ်ချုပ်မြကို
ဖထီးကရင်တွေအတွက်ပဲပြောပ်ါတဲ့ ဟုတ်တယ် ကျမတို့ တွေဟာ ကိုယ့်ဇာတ်တောင် ကိုယ်မနိုင်သေးပဲနဲ့
ကိုလုပ်ချင်တယ်လို့ ဆိုလိုလိုက်တာပဲ
ပြောခဲ့သလိုပဲ စည်းလုံးမှုကဘယ်တော့ရမှာလဲ ကရင်ပြည်ဘယ်နေ့ ရမှာလဲ ပြန်စဉ်းစားကြည့်ပါအုံး။ ကိုယ့် အတွက်ပဲလုပ်မယ်ဆိုလုပ်ပါ တခြားလူစိတ်ပျက်အောင်မလုပ်ပါနဲ့ ။လုပ်နိုင်တဲ့သူရှိတယ် လုပ်လည်းလုပ်ခဲ့တယ်
စည်းလုံးမှုမရသေးသရွေ့ တော့ ကျမတို့ ကရင်ပြည်မရနိုင်ဘူး။ကရင်တွေ ရန်ကုန်ဆင်းပြီးအကုန်လည်စင်းမခံသေးသရွေ့ ကာလပတ်လုံးတော်လှန်ရေးမကျဆုံးဘူးလို့ ကျမတို့ ခေါင်းဆောင်ကြီးပြောခဲ့ပါတယ်။ သူတို့အလကားပြောခဲ့တာမဟုတ်ဘူး သူခေတ်နဲ့သူ တချိန်ကတော်လှန်ရေးစကားနဲ့ပြောခဲ့တာ။

။အခုရန်ကုန်ဆင်းဘာဖြစ်လဲပြောမှာပေါ့။ဆင်းလည်း အမျိုးပျောက်မှာလေ ။
ကိုယ့် ကိုကိုယ်ဘာလုပ်နေလဲဘာဖြစ်နေလဲဆိုတာ ကိုယ့်ဟာကိုယ်သိပါတယ် ကိုယ့်လိပ်ပြာသိပါတယ်။ ဘာတွေဘယ်လိုလုပ်သင့်သလဲဆိုတာ
ကျမထက်အသက်ကြီးကြတဲ့လူတွေပဲလေ ကျမပြောစရာမလိုဘူးထင်တယ် ။အကိုတို့ အမတို့ မှာ
လုပ်နိုင်တဲ့အရည်အချင်းတွေ အမျာကြီးရှိပါတယ်။

စည်းဝေးထိုင်ခုံပေါ်မှာထိုင်နေသေးသရွေ့တော့ ကိုယ့်အတွက်နောက်ဆုံးမှာစဉ်းစားပါ ပုဂ္ဂိုလ်ရေးကိုဘေးဖယ်ထားပါ။ ကိုယ်ဖြစ်ချင်သောအကြာင်းအရာကို အချက်လက်ခိုင်လုံစွာတင်ပြပါ။ တခြားသူအား
ကန်ကွက်ချင်ရင်လည်းအကြောင်းပြချင်ခိုင်လုံအောင်လုပ်ပါ။

အခုလည်းတခြားလူတွေကြားမှာကျမ တို့ ကရင်တွေလည်းအပြောခံနေရပါတယ် ဘာပြောသလဲဆိုတော့ ကရင်အချင်းချင်းမတည့်ကြဘူးတဲ့ ။မှန်တယ်လို့ ဝန်ခံချင်ပါတယ် ။စိတ်ထဲမှာကသိကအောက်ကြီး
မခံချင်ပေမဲ့ခံနေရတယ် ဘယ်တော့များစည်းလုံးကြမှာလည်းမသိဘူးနော်။


0 kommentarer:

Post a Comment