ကျမ မသိခဲ့ခြင်းလား ဥာဏ်မမှီခြင်း၊ဆင်ခြင်စဉ်းစားတွေးတောရလောက်အောင် အဖြစ်အပျက်များက မြန်ဆန်လွန်းလှပြီး
သွေတိမ်းနေပါတယ် ကျမ ကပဲအတွေးမှားတာလား ??
ဒါပေမဲ့ ကျမ သဘောထားအတိုင်း ကရင်လူထုတွေမှာ တွေ့ ရကြားရတော့ ကျမ မမှားဘူးလို့ ပြောနိုင်ခဲ့ပါတယ်။
အဲဒါဆို ဘယ်သူတွေမှားကြတာလဲ ဒါမှမဟုတ် လမ်းလွဲတာလား အယုံလွယ်တာလား အတ္တကြောင့်လား ဆိုတာ ဝေခွဲလို့ မရနိုင်အောင်ပါပဲ အံ့လည်းအံ့သြမိပါတယ်၊ ကျမတို့ ကရင်လူမျိုးဆိုတာ သစ္စာအလွန်ရှိကြပါတယ် ၊ ကိုယ်နဲ့ ဆန်ကျင်ဘက်ဖြစ်နေတဲ့ သူတွေတောင် ချီးကျူးရလောက်အောင် သစ္စာကတိ တည်ခဲ့ကြတဲ့ လူမျိုးပါ ၊ ခေတ်မှီတိုးတက်လာလို့ 
ဖျောက်ဖျက်လို့ မရပါဘူး ။ သစ္စာမရှိ ကတိမတည် စကားကိုပလောင်းပလဲ ပြောတတ်တဲ့ လူမျိုးဟာ အင်မတန်ကြောက်စရာ ကောင်းပါတယ်။
ခွေးတစ်ကောင်ကို ကျမတို့ အစားကောင်းဘယ်လောက်ကျွေးကျွေး ပါ ။ သူ့ သခင်ကို ဘယ်သောအခါမှ ပြန်ပြီးရန်မရှာပါဘူး
သူ့ သခင်အပေါ်သစ္စာရှိပါတယ် ၊ သူသေရင်သေသွားပါစေ သူ့ သခင်အပေါ်အမြဲသစ္စာရှိစွာနဲ့ ပဲအသက်ရှင်နေထိုင်တယ်။
ဒါက သတ္တ၀ါ ပဲရှိသေးတာပါ ၊ အသိညဏ်ရှိတဲ့ လူတွေကျတော့ ခွေးလိုမျိုး မစင်လည်းမစားပါဘူး ၊လေးဘက်ထောက်ပြီး
တော့လည်း သွားလာနေရတာမဟုတ်ပါဘူး ၊ အဲ ဒါပေမဲ့ အဲဒီလူကိုတော့ ပစ္စည်းဥစ္စာ ပုံပေး ရာထူးတွေ ပေးလိုက်တော့
ခွေးလောက်တောင် သစ္စာမရှိပါတော့ပါလား ၊ အဲလိုလူမျိုး ခွေးနဲ့ နှိုင်းရင်တောင် ခွေးနာပါတယ်၊ ဘာလို့ လဲဆိုတော့
ခွေးက သစ္စာရှိတယ် ဒီလူသတ္တ၀ါတွေက သစ္စာမရှိကြဘူး ၊ ဒီလိုလူကို ခွေးကလက်ခံနှိုင်းယှဉ်နေမှာမဟုတ်ပါဘူး။
နောက်တစ်ခုကတော့ ကေအန်ယူ ကမွေး ကေအန်ယူ ကကျွေး စစ်ပညာသင်ပေး ပြီးတော့ဒီပညာနဲ့ အသက်ဆက်နေကြ
တဲ့ လူသတ္တ၀ါတွေက အခုတော့ ရန်သူလက်အောက်မှာ ခေါင်းငုံ့ လည်စင်းခံ သေနတ်အပ်ပြီး နဖားကြိုးအထိုး
ခံတာ မြင်ရတော့ အရမ်းဝမ်းနည်းမိတယ် ၊ ဒီထက်ဝမ်းနည်းစရာကောင်းတာက အမျိုးသားအလံကို အသုံးပြုထောင်ထားခွင့်မရှိဘူးဆိုတာပါပဲ ၊ ဒီခန္တာ ဒီအထိအသက်ဆက်ရှင်နေကြရတာဟာ အဲဒီကရင်အမျိုးသားအလံတော်အောက်မှာ နေကြတဲ့ ကရင်ပြည်သူတွေကျေးဇူးတွေကြောင့်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့ ။
အခုတော့အဲဒီအမျိုးသားအလံတော်ကိုပါ မျက်ကွယ်ပြုနိုင်ကြတာ အံ့သြမိပါတယ် ၊လုပ်ကြပါလုပ်နိုင်တုန်းလုပ်ကြပေါ့ ၊ ခွေးရူးကောင်းစားတစ်မွန်းတည့်ပါ။
နောက်အံ့သြစရာကောင်းတဲ့ အချက်တစ်ခုကတော့ ကိုယ့်ကိုကိုယ် စစ်သားဆိုတာ မေ့နေကြတာလား ၊ တစ်သက်လုံး
အမြတ်တနိုးနဲ့ ကိုင်ဆောင်လာခဲ့တဲ့ သေနတ်ကို အပ် ဆိုတော့ အပ်လိုက်တာပဲ ။ အံ့သြလို့ မဆုံးဘူး ၊စစ်သား သေနတ်မရှိ
ရင်ဘာနဲ့ သွားတိုက်မှာလဲ ၊ဒီထက် ကိုယ်အမြတ်တနိုးကိုင်ဆောင်လာခဲ့တဲ့ သေနတ်ကို အပ်တယ်ဆိုတာ ရူးများရူးနေလား ၊
ကရင်တော်လှန်ရေးဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုလို့ မရလို့ လက်နက်ကိုင် ရယူရမယ်ဆိုတာမေ့သွားတာလား ၊ လက်နက်အပ်ပြီးလို့ ရွေးကောက်ပွဲအတွက်ဝင်အုံးမယ်တဲ့  ၊ အဲဒါဘာနဲ့ တူသလဲဆိုတော့ခင်ဗျားတို့ ရန်သူကို ဒုတိယအဖေ လို့ ခေါ်လိုက်ခြင်းပါပဲ ၊ အမျိုးသားအတွက် လက်နက်မကိုင်ပဲနဲ့ လုပ်ဖို့ စိတ်ကူးယဉ်နေကြတာလား။
ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်မနေပါနဲ့ ၊ရန်သူက သင်တို့ ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ တောင်ထင်တာမဟုတ်ပါဘူး ၊
ကဲပါ ကရင်ပြည်သူ တွေအတွက် အရင်မပြောပါနဲ့ သင်တို့ လက်နက်ချတဲ့ အဖွဲ့ အစည်းကိုပဲ အရင်အကျိုးရှိအောင်လုပ်ပါ
ကရင်ပြည်သူအတွက် ကရင်ပြည်အတွက် ကြီးကြီးကျယ်ကျယ်မပြောပါနဲ့ဦး သင် ကိုယ့်ကိုကိုယ် အရင်နေနိုင်အောင်
လွတ်လပ်စွာနေထိုင်ခွင့်ရအောင်ပဲ အရင်လုပ်ပါ၊ ကဲ သင်တို့ ကိုတော့ ပြောစရာမလိုတော့ပါဘူး စစ်ကျွန်သပေါက် နွားတွေ
ဖြစ်တော့မှာဖြစ်တဲ့အတွက် ၊ နားမပါတဲ့ တီကောင်တွေကို ကျနော်တို့ ပြောနေတာ ပါးစပ်ညောင်းရုံပဲရှိမယ် ၊
သင်တို့ လို လူရှိသလို သင်တို့ထက် မြင့်မြတ်ပြီး ပြည်သူတွေအတွက် တကယ်လုပ်နေတဲ့လူတွေ ခေါင်းဆောင်တွေလည်း
အများကြီးရှိပါသေးတယ် ၊ သူတို့ နဲ့ သင်တို့ နဲ့တော့ နှိုင်းယှဉ်စရာလည်းမလိုပါဘူး ၊ အမျိုးသားအလံတော်ကို ကရင်ပြည်
နယ်မှာလွှင့်ထူနေတုန်းပါ ၊ သတ္တိရှိရှိ ရဲရဲရင်ဆိုင်ပြီး လွှင့်ထူနေမြဲပါ ၊ သူတို့ တွေဟာ တကယ်ပြည်သူတွေအတွက်
တိုက်ပွဲဝင်နေကြတာ
ပြီးရင် သူတို့ကိုတက်တိုက်ဖို့ အတွက် ရန်သူတွေရှေ့ ကနေ ခွေးလိုနွားလိုရုန်းပြီး ကိုယ့်အမျိုးကို ပြန်တိုက်ရမှာလည်းသင်တို့ ပဲ ၊ ထမင်းဝအောင်စားထားပါ ၊
သင်တို့ ကိုအလကားကျွေးနေတာမဟုတ်ပါဘူး ၊ သင်တို့ ကရင်ပြည်သူမိဘတွေလို ဘာမျှော်လင့်ချက်မှမထားပဲ ကျွေးနေတာမဟုတ်ပါဘူး ၊ ၀အောင်စားပြီးရင်တော့ ၀အောင်ခိုင်း
ရမှာတော့ သူတို့ ခေါင်းထဲမှာအမြဲရှိတယ်၊ ဘာလို့ လဲဆိုတော့ သူတို့ ကခင်ဗျားတို့ အမျိုးလည်းမဟုတ် ဆွေမျိုးလည်း မဟုတ်ကို ဘာသနားစရာလိုလဲ ။
အမျိုးတူချင်းကိုတောင် ပြန်ဝါးစားနေကြတဲ့ ရန်သူတွေကို ယုံပြီးပုံအပ်နေကြတဲ့ လက်နက်အပ်သွားကြတဲ့ ကရင်အဖွဲ့ အစည်းများအားလုံးသို့
8 October 2010
အမျိုးတူချင်းကိုတောင် ပြန်ဝါးစားနေကြတဲ့ ရန်သူတွေကို ယုံပြီးပုံအပ်နေကြတဲ့ လက်နက်အပ်သွားကြတဲ့ ကရင်အဖွဲ့ အစည်းများအားလုံးသို့
Etiketter: ဆောင်းပါး
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment