တောမကျွမ်းတဲ့မုဆိုးဟာ
သားရဲတို့ရဲ့ အစာဖြစ်သွားတာ
မဆန်းပေမဲ့
ကျားဖြစ်သွားတဲ့သမင်မအတွက်
အစွယ်ထက်တာ
သိပ်ဆန်းတယ်။
စစ်ရေးသာကျွမ်းတဲ့ နပိုလီယမ်
အချစ်တစ်ပွဲနဲ့အရေးနှိမ့်ခဲ့
ရိုးသားစွာချစ်ခဲ့မိတဲ့သူ
ကားစဉ်အတင်ခံရမှ
မုန်းသူမှန်းသိခဲ့ရ။
ပလီပလာအချစ်တွေနဲ့
တစ်ပြည်တစ်နေရာက ချစ်သူရယ်
တီတီတာတာ မပီကလာတွေနဲ့
တမင်ဆင်ကာမျှားထောင်ထားတဲ့
မာယာရှင်ရဲ့ ညို့ကွက်မှာ
ခုတော့ငါလေ ဥဒေါင်းမင်းလို
ညွတ်ကွင်းသက်ဆင်းခဲ့ရပြီး။
ဟန်ဆောင်ကောင်းသူ
စိတ်ညို့အရှင် အွန်လှိုင်းသခင်လေးရေ
အချစ်မှတစ်ပါး ကိုးကွယ်သူတွေရဲ့ 
နှလုံသားဝိညာဉ်မှာ
အမုန်းဆိုတာကင်းမဲ့
ခွင့်လွတ်ခြင်းသက်သက်ပါ။
မင်းနားလည်နိုင်တဲ့တစ်နေ့
ကားစဉ်ပေါ်မှာအသတ်ခံရတဲ့
ကိုဗျတ်ဝိရဲ့ နှလုံးသားမှာ
မအိုဇာကိုအမုန်းမပွါးဘဲ
ချစ်မြဲလျှက်ပါဆိုတာ
မင်းသိလာတဲ့အခါ…………?
ကျဝ့်
19 October 2010
ကျားဖြစ်နေသောသမင်မ
Etiketter: ကဗျာ
Subscribe to:
Post Comments (Atom)
0 kommentarer:
Post a Comment