မင်းထက်အောင်၊ ကောင်းဝါ
အောက်တိုဘာ ၁၃၊ ၂၀၁၀။
ဘုရားသုံးဆူနယ်စပ်မှ ပြန်လည်ထွက်ခွာသွားသော မြန်မာစစ်ကြောင်းများ KNU တပ်မဟာ(၆)မှ နှစ်ကြိမ်ပြောက်ကျားပစ်ခတ်ခံရသဖြင့် ကျဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
တပ်မဟာ(၆) ပြောခွင့်ရဗဒိုစောထဲနေက “(၇) ရက်နေ့မှာတစ်ခါ၊ (၉) ရက်နေ့မှာတစ်ခါ ဖြစ်ပေါ်ခဲ့တယ်လို့ ကျနော့်ဆီသတင်းဝင်လာတယ်” ဟု ပြောသည်။
ယခုလ(၇) ရက်နေ့၌ ခုံခန်းရွာနှင့် တောင်စွန်းရွာအကြား တာစူးရွာအနီးလယ်ကွင်းကို ဖြတ်ကျော်နေစဉ် KNU မှစောင့်ဆိုင်းပစ်ခတ်ခဲ့ရာတွင် ခလရ(၃၂)မှ (၃) ဦးသေ၊ တစ်ယောက်ဒဏ်ရာရခဲ့သည်ဟု ဗဒိုစောထဲနေက ပြောသည်။
ထို့အပြင် ၄င်းတိုက်ပွဲ၌ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်းခံရသူ တောင်စွန်းရွာသား ကရင်အမျိုးသား စောမောင်လတ် အသက်(၄၀)ခန့်သည် ခါးလည်၌ သေနတ်ထိရှဒဏ်ရာရရှိသည်ဟုလည်း KNU ကပြောသည်။
တဖန် နောက်နှစ်ရက်အကြာ ယခုလ(၉) ရက်နေ့တွင်လည်း အနန်းကွင်း-ရဲတံခွန်အကြား ရဲဖောရွာအနီး ကကတစ်တောင်ကြား၌ အဆိုပါမြန်မာစစ်ကြောင်းအား ထပ်မံပစ်ခတ်စဉ် (၃) ဦးဒဏ်ရာရရှိသည်ဟုလည်း KNU မှ ဆက်ပြောပါသည်။
ခလရ (၃၂)တပ်ရင်းအပြန်ခရီးစဉ်၌ အဆိုပါဒေသ၌လှုပ်ရှားနေသော ခမရ(၄၀၁) စစ်ကြောင်း(၂)လည်း စစ်ကူပါဝင်ခဲ့သည်ဟု သိရသည်။
သို့ရာတွင် အဆိုပါတိုက်ပွဲများအတွင်း KNU မှလုံးဝအထိအခိုက်မရှိဟု KNU ကပြောသည်။
တာဝန်ပြီးဆုံးသဖြင့် ယခုလ(၃) ရက်နေ့တွင် ခလရ(၃၂) တပ်ရင်းတစ်ရင်းလုံး ဗျူဟာမှူးနှင့်အတူ ဘုရားသုံးဆူမှထွက်ခွာလာရာ ပေါ်တာဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
ထိုသို့အရပ်သား(၅) ကိုပေါ်တာဖမ်းဆီးခဲ့ပြီး (၂) ရက်ခန့်အကြာ မြိုင်သာယာရွာအရောက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးထံမှ သတင်းကြားသိခဲ့ရသည်။
ဘုရားသုံးဆူ-အနန်းကွင်း-သံဖြူဇရပ်ကားလမ်းသည် မြစ်ချောင်းပေါများသဖြင့် မိုးတွင်းကာလများတွင် မော်တော်ယာဉ်များ သွားလာ၍မရနိုင်ပေ။
အဆိုပါကားလမ်းမကြီးကို KNU တပ်မဟာ(၆) မှထိန်းချုပ်ထားသဖြင့် မိုးလွန်ကာလများ၌ KNU ခွင့်ပြုမှသာ မော်တော်ယာဉ်များ ခရီးစတင်သွားလာနိုင်သည်။
မြန်မာစစ်ကြောင်းများ ဘုရားသုံးဆူမြို့သို့ စစ်ကြောင်းများချီတက်လာတိုင်း KNU မှ ပြောက်ကျားစောင့်ပြီး ပစ်ခတ်လေ့ရှိသည်။
http://www.kaowao.org/b/2010news-october-13a.php
13 October 2010
ဘုရားသုံးဆူမှအပြန် မြန်မာစစ်ကြောင်းနှစ်ကြိမ်ပြောက်ကျားအပစ်ခတ်ခံရ
Etiketter: သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment