ဧရာဝတီဘလော့မှ....

ဗြိတိန်အနေနဲ့ မြန်မာပြည် ရွေးကောက်ပွဲကို တရားဝင်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဂျယ်ရယ်မီ ဘရောင်းက CNA နဲ့ အင်တာဗျူးမှာ ပြောလိုက်တာပါ။
မစ္စတာ ဂျယ်ရယ်မီ ဘရောင်းက “ရွေးကောက်ပွဲကို တရားဝင်အဖြစ် ကျနော်တို့ အသိအမှတ်မပြုပါဘူး။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမှာ မပါဝင်နိုင်တဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ရှိနေတုန်းပါ။ ဒါကြောင့် မြန်မာပြည်သူတွေရဲ့ သဘောထားအစစ်အမှန်ကို ထင်ဟပ်တယ်လို့ ပြောလို့ မရပါဘူး။ ဒါကြောင့် ကျနော်တို့က တရားမဝင်ဘူးလို့ ပြောရတာပါ”
0 kommentarer:
Post a Comment