26 October 2010
အလံ သစ် ကို မီးရှို့ ခြင်း
ဓါတ်ပုံ လွမ်းထူးနိုင်ဘလော့မှ...........
အလံ ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့  သင်္ကေတ ။ အဲဒီမှာ နေတဲ့ သူတွေကို ကိုယ်စားပြုတယ်။
နိုင်ငံဆိုတာကလဲ မင်းတိုတွေရပ်နေတဲ့ မြေကြီးကိုပြောတာ မဟုတ်ဘူးလေ။
နိုင်ငံဆိုတာ ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန် ၊ရခိုင်၊ရှမ်းနဲ့  ကျန်တဲ့ တိုင်းရင်းသား အားလုံးနေတဲ့
နေရာ ။ ဒီမြေပေါ်မှာ ဒီတိုင်းရင်းသားတွေ မရှိရင် ဒီနိုင်ငံဆိုတာလဲ မရှိဘူး။
နိုင်ငံလို့ ပြောလိုက်ရင် အဲဒီမှာနေတဲ့ လူတွေရှိမယ်။ သူတို့ သဘောတူညီမူရှိရမယ်။
အများစုလက်ခံတဲ့ အလံတစ်ခုရှိရမယ်။ အဲဒီအလံက နိုင်ငံသားတွေကို ကိုယ်စားပြုရမယ်။
ဘယ်အလံပဲ တင်တင် နိုင်ငံက လူတွေအားလုံး သဘောတူညီမူ တော့ ရှိရမယ်။
ခုဟာက နိုင်ငံသားတွေ ရဲ့ စိတ်ဆန္ဒ သဘောတူညီမူ တစ်ခုမှ မပါပဲနဲ့  စိတ်ကြိုက် ကိုယ့်သဘောနဲ့
ကိုယ်ထလုပ်ထားတဲ့ အလံ ။ သူတို့ ပိုင်တဲ့ မြေကြီးလို လုပ်ချင်တိုင်းလုပ်တယ်။
တိုင်းပြည်တစ်ခုရဲ့ သင်္ကေတကို ပြောင်းချင်သလိုပြောင်းတယ်။
နိုင်ငံမှာနေတဲ့ တိုင်းရင်းသားအားလုံး တစ်စိတ်တစ်ဝမ်းထဲ ဆုံးဖြတ်ပြီး ထွက်လာတဲ့ အလံတော့ မဟုတ်ဘူး
Etiketter: နိုးဆော်
  Subscribe to:
				
Post Comments (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment