နေပြည်တော်ကောင်စီနယ်မြေ၊ပျဉ်းမနားမြို့နယ်၊ကင်ပွန်းတန်းကျေး
ရွာရှိ ရွာသားငါးဆယ်ခန့် ယနေ့နေ့
လည်ပိုင်းမှစတင်၍ အစာအဆိပ်
သင့် ကာအထက်လန်အောက်လျှောဝေဒနာ
ခံစားခဲ့ရကြောင်း သတင်းရရှိသည်။
ရွာသားငါးဆယ်အနက်မှ ရွာသား၃၀ခန့်မှာပျဉ်းမနားမြို့နယ်ဆေးရုံ
တွင်ဆေးကုသခံယူနေပြီးကျန်ရွာသားများမှာမူပျဉ်းမနားဆေးရုံမှ ဆေးရုံ
အုပ်ကြီးကိုယ်တိုင်ကျေးရွာသို့လာရောက်ကုသမှုပေးနေသည်ကြောင့်
ကျေးရွာ၌ပင်ဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရသည်။
ထိုကဲ့သို့ကျေးရွားတွင်းမှ ရွားသားများတပြိုင်နက် အစာအဆိပ်သင့်ခြင်းမှာ ယင်းကျေးရွာတွင်ကျင်းပသောမင်္ဂလာဆောင်တစ်ခုမှကျွေးမွေးသည့် အစားအသောက်များကြောင့်ဖြစ်သည်ဟုသက်ဆိုင်ရာက ကနဦးကောက်ချက်
ချထားသည်ဟု ရွာသားတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။
“မနက်ပိုင်းမှာမင်္ဂလာဆောင်ကျင်းပတယ်။နန်းပြားသုပ်ကျွေးတယ်။နေ့
လည်လောက်ရောက်တော့ သတို့သား၊သတို့သမီးတွေကအစ စားခဲ့တဲ့ရွာ
သားတွေအဆုံးအထက်လန်အောက်လျှောတွေဖြစ်ကြတယ်။
အခင်းဖြစ်ရာနေရာကို နေပြည်တော်ကောင်စီပျဉ်းမနားတာဝန်ခံ ဗိုလ်မှုးကြီးမြင့်အောင်သန်းလာရောက်ခဲ့တယ်။”ဟုအထက်ပါရွာသား
ကပြောသည်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment