by: ရွှေမြန်မာ မီဒီယာ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်း
ကျေးရွာအုပ်စု၊ ဒု-ကင်းချောင်းကျေးရွာအနီး
ဥယျဉ်ခြံတစ်ခုတွင် အလောင်းတစ်လောင်းအား
လုံခြုံရေးချထားသော ခလရ (၂၃၃)မှ တပ်သား
တစ်ဦးကင်းလှည့်စဉ် သြဂုတ်လ ၂၄ရက်နေ့ညနေ ၅ နာရီတွင်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အလောင်းမှာ ဦးထွန်းရွှေလှိုင် အသက် (၄၀) နှစ် (ဘ) ဦးလှအောင် ဖြစ်ပြီး ဘူးသီးတောင်မြို့ အေးစေတီဘုန်းတော်ကြီးကျောင်းအနီး အမှတ်(၅) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ဘူးသီတောင်မြို့မှ ဒေသခံတစ်ဦးကပြောသည်။
" ဦးကျော်လှိုင်က ဘူးသီးတောင်မှာနေတာ၊ သူက သူ့မိဘပိုင် ဒု-ကင်းချောင်းကျေးရွာအနီးနှစ်ဖာလုံခန့် အကွာမှာရှိတဲ့ ဥယျဉ်ခြံကို လုပ်ကိုင်စားသောက်နေတာ၊ အလောင်းမှာက ဦးခေါင်းထက်ခြမ်းကွဲ ဓါးဒဏ်ရာတစ်ချက်၊ ညာဘက်လက်မောင်းအောက်မှ ၀မ်းဗိုက်ထိ ထက်ခြမ်းကွဲ ဓါးဒဏ်ရာ တစ်ချက်၊
ဝဲဘက်လက်မောင်းဓါးဒဏ်ရာတစ်ချက်၊ ကျောကုန်းတွင် ဓါးဒက်ရာတစ်ချက်၊ လက်ဝဲဘက်ပေါင် ဓါးဒဏ်ရာတစ်ချက်၊ ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ဒဏ်ရာ မြောက်းများစွာဖြင့်ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတာ တွေ့ရတယ်။ " ဟု အဆိုပါဒေသခံက ပြောသည်။
အဆိုပါအလောင်းအား (၂၅-၈-၁၂) နံနက်တွင် ဘူးသီးတောင်ဆေးရုံးသို့ သယ်ယူစစ်ဆေးခဲ့ပြီး မွန်းလွဲ (၁)နာရီတွင် သေဆုံးသူ၏ မိသားစုဝင်များနှင့် မြို့သူမြို့သားများက လိုက်ပါ သင်္ဂြိုလ် ခဲ့ကြကြောင်းသိရသည်။
ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေးရွာအုပ်စုတွင် ကင်းချောင်း၊ ဒု-ကင်းချောင်း၊ သဘောက်ချောင်း၊ လက်ပံကိုင်း၊ အာကာပျံ၊ စသောကျေးရွာငါးရွာတွင် လုံခြုံရေးအတွက် ခလရ (၂၃၃) မှ တပ်သားအင်အား ၈ ယောက် တာဝန်ယူလျက်ရှိပြီး အမှုမှန်ပေါ်အောင် ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင်း ဒုကင်းချောင်းကျေးရွာနေ ဒေသခံဒိုင်းနက် တိုင်းရင်းသားများမှာ အသက်အန္တာရာယ် အတွက်လုံခြုံရေးစိတ်ချရသည့် အခြေအနေမရှိသောကြောင့် နီးစပ်ရာလုံခြုံသောနေရာများသို့ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ ရခိုင်ပြည်အနှံ့တွင် ဘင်္ဂလီကုလားများ၏ ငြိမ်းခြောက် သတ်ဖြတ်နေမှုကြောင်း ဒေသခံတိုင်းရင်းသားများမှာ မိမိတို့၏ နေ့စဉ်ပုံမှန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မလုပ်ကိုင်နိုင်ကြသဖြင့် စားဝတ်နေရေးအတွက် အလွန်အခက်အခဲရောက်လျက် ရှိသည် ။
ရခိုင်ဒေသတွင် အေးအေးချမ်းချမ်း ပြန်လည်တည်ငြိမ်နေပြီဟု အစိုးရအဏာပိုင်များမှ ထုတ်ပြန်ကြေငြာထားသော်လည်း ရခိုင်လူမျိုးများမှာလူများစု ဘင်္ဂလီကုလားများ၏ သတ်ဖြတ် ခြိမ်းခြောက်မှုများကို ခံနေရဆဲဖြစ်ကြောင်းသိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment