23 August 2012

ရည်းစားနဲ့စကားများလို့ (၂)နှစ်သားခေါင်းဖြတ်ပြီး ကိုယ်တိုင်လည်လှီးသေခဲ့သည့် မိခင်



အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်တွင် နေထိုင်သော စိတ်ဝေဒနာရောဂါ ဖြစ်ခဲ့ဖူးသည့် အသက်(၃၃)နှစ်အရွယ် အမျိုးသမီးသည် သူမ၏ရည်းစားဟု ယုံကြည်ရသော အမျိုးသားနှင့် စကားများခဲ့ပြီးနောက် ရဲများ သူမအိမ်ရောက်လာသောအခါ သူမ၏ လည်ပင်းတွင် ဒဏ်ရာဖြင့် သေနေတာကို တွေ့ရှိခဲ့ပြီး ရေခဲသေတ္တာ အအေးခန်းထဲတွင် သူမ၏(၂)နှစ်သား ကလေးငယ်၏ ခေါင်းကို ရဲများက တွေ့ရှိခဲ့ကြကြောင်း သိရသည်။
သူမရဲ့ သားကြီးကတော့ အခင်းဖြစ်စဉ်တွင် အိမ်တွင် ရှိမနေခဲ့ကြောင်း သိရသည်။
သူမက အင်္ဂါနေ့ ညသန်းခေါင်အချိန်တွင် အရေးပေါ်နံပါတ်(၉၁၁) သို့ ဖုန်းခေါ်ဆိုခဲ့ပြီး သူမ၏သားကို သူမ၏ရည်းစားက ဓါးဖြင့် ထိုးခဲ့သည်ဟု တိုင်ကြားခဲ့ပြီးနောက် သူမကိုယ်တိုင်လုပ်တာဟု နောက်ပိုင်းတွင် ဝန်ခံခဲ့ကြောင်း သိရသည်။
သူမဟာ ဖုန်းမခေါ်ဆိုခင်ကတည်းက သူမသားကို ခေါင်းဖြတ်သတ်ခဲ့ပြီး အအေးခန်းထဲ ထည့်ထားခဲ့တာဖြစ်ကြောင်းနှင့် ရဲများ အိမ်ပြင်ဘက်သို့ ရောက်ချိန်တွင် သူမလည်ကို သူမကိုယ်တိုင်လှီးပြီး အဆုံးစီရင်ခဲ့တာဖြစ်ကြောင်း သိရသည်။
ကလေးရဲ့ ဖခင်ကတော့ သေဆုံးသွားသည့် မိခင်နှင့် ကလေး၏ အလောင်းကို ရင်ခွဲရုံသို့မပို့မီ မနက်(၇)နာရီ အချိန်ကလေးမှာပင် နေအိမ်သို့ ပြန်ရောက်ရှိခဲ့တာဖြစ်ကြောင်း သိရသည်။
Source : Fox News
ပုံရိပ်(burmesehearts.com)
http://www.burmesehearts.com/%E1%80%9B%E1%80%8A%E1%80%B9%E1%80%B8%E...

0 kommentarer:

Post a Comment