OKRSO နှစ် (၂၀)မြောက်အခမ်းအနားကိုဖိတ်ကြားထားသောဧည့်ပရိတ်သတ်များနှင့်မျိုးချစ်ကရင်လူငယ် (၂၀၀)ကျော်တက်ရောက်အားပေးခဲ့ပါသည်။
အခမ်းအနားမှာ အခမ်းအနားမှူး အဖြစ် စောလှစိန်နှင့်နန်းဇီဇ၀ါသိန်းတို့ မှတာဝန်ယူပြီး အခမ်းအနားအစီအစဉ်အရ ဦးစွာပထမ ကရင့်အမျိုးသားအလံတော်ကို အလေးပြုခြင်း၊ OKRSO ဥက္ကဌ မန်းလှသိန်းမှ နှစ်(၂၀)မြောက် အခမ်းအနား မိန့် ခွန်းပြောကြားခြင်း၊ကရင်အမျိုးသားအစည်းအရုံးမှဧည့်သည်တော် ပဒိုအာတိုးမှဂုဏ်ပြုမိန့် ခွန်းပြောကြားခြင်း၊
TACDB မှဆရာဦးမြင့်ဝေက ကြွရောက်လာသော ကရင်လူငယ်များအား သြ၀ါဒမိန့် ခွန်းပြောကြားခြင်းနှင့် ဘန်ကောက်ရွှေ့ ပြောင်းအလုပ်သမားဆိုင်ရာအဖွဲ့ (MWG)ဆရာစောခူးက ဂုဏ်ပြု အမှတ်တရစကားပြောကြားခြင်းတို့ ဖြစ်သည်။
အဲဒီနောက်မှာ..နှစ်(၂၀)မြောက်အခမ်းအနားအတွက် အဖွဲ့ အစည်းအသီးသီးမှ ပေးပို့ လာသော သ၀ဏ်လွှာများကိုဖတ်ကြားခြင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံးမှ ပေးပို့ လာသောသ၀ဏ်လွှာကို ပဒိုစောလှထွန်းမှ ဖတ်ကြားသွားပြီး OKRSO နှစ်(၂၀)မြောက်အခမ်းအနားစာတမ်းကိုတော့ ဆရာမ နန်းဖေါင်အွာမှ အသီးသီးဖတ်ကြားသွားခဲ့သည်။
နှစ်(၂၀)အတွင်း OKRSO အဖွဲ့ ရဲ့ လှုပ်ရှားမှုများကို ဦးဖေသန်းနှင့်ဆရာ စရှိုင်းတို့ မှကြွရောက်လာသော ကရင်လူငယ်မောင်မယ်များအတွက် စုံလင်စွာ ဆက်လက်တင်ပြခဲ့ပါသည်။
နှစ် (၂၀)အခမ်းအနား မိန့် ခွန်းပြောကြားခြင်းနှင့် သ၀ဏ်လွှာအသီးသီးဖတ်ကြားပြီးသွားသည့်နောက်မှာတော့ နှစ်(၂၀)အတွင်း အဖွဲ့ ဝင်အသီးသီးတို့ ရဲ့ လှုပ်ရှားမှု ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
လူမှုရေးထူးချွန်ဆု...စောလာပုံးအွာ
သတင်းနှင့်ပြန်ကြားရေးထူးချွန်ဆု ....မန်းမျိုးမြင့်
စာပေနှင့်ယဉ်ကျေးမှု ထူးချွန်ဆု...စောဘီးဘီ၊နန်းမူးဟိလာ၊နန်းမူးနိုင်း၊နန်းယှူးခလိန်းဖေါင်
ပညာရေးထူးချွန်ဆု...နန်းမြင့်အောင်၊နန်းအေးအေးသန့် ၊နန်အေးသန္တာ
ကျန်းမာရေးပညာပေးထူးချွန်ဆု...နန်းဖေါင်အွာ၊နန်းသူဇာလွင်
စေတနာ့ဝန်ထမ်း ထူးချွန်ဆု...Mr.Richard
ကနေဒါမှ အလှူရှင်..ကိုထွန်းနေရှင် အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဂုဏ်ပြုဆုများကိုပေးအပ်ချီးမြှင့်သည့်နောက်မှာတော့ နာယက မန်းစိပ်ပလောင်မှ ကျေးဇူးတင်စကားပြောကြားပြီး အပိတ်မိန့် ခွန်းကို မန်းမျိုးမြင့်မှ ပြောကြားခဲ့ပါသည်......
အဲဒီနောက်မှာတော့ OKRSO နှစ်(၂၀)မြောက် အခမ်းအနားအတွက်ဖျော်ဖြေရေးအစီအစဉ်ကို စောဘီးဘီမှ အခမ်းအနားမှူးအဖြစ်ဆက်လက်တင်ပြခဲ့ပြီး...
OKRSO Sunday School ကျောင်းသူ၊ကျောင်းသားများဒုံးအဖွဲ့ 
စောမူလာဖေါင် ကရင်လူငယ်ဒုံးအဖွဲ့ 
OKCG ကရင်လူငယ်အဖွဲ့ မှ အဖွဲ့ လိုက်သီချင်း
KUSG မှကျောင်းသူမလေး နော်စကီတာဝင်း တကိုယ်တော်သီချင်း
စောမူလာဖေါင် ကရင်စောင်းတူရိယာ တီးခတ်သီဆိုမှု
စောမူလျာ.ဖေါင်မှ ကရင်ပြည်ကိုလာလည်ပါ တေးသရုပ်ဖော် တင်ဆက်မှု
ဒုံရင်း ကရင်လူငယ် အဖွဲ့ လိုက်သီချင်း
SNG ကရင်လူငယ် အဖွဲ့ လိုက်သီချင်းများ
အခမ်းအနားပိတ်ပွဲအနေနှင့် စည်းလုံးခြင်းလို့ အမည်ရတဲ့ အောဟူ့ အောဟောင်သီချင်းဖြင့်အခမ်းအနား
ကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
O.K.R.S.O နှစ်(၂၀)မြောက် အခမ်းအနားလှုပ်ရှားမှု မှတ်တမ်းများ
ကိုအောက်မှဆက်လက်ကြည့်ရှုနိုင်ပါသည်။
OKRSO ဥက္ကဠ မန်းလှသိန်းမှ အဖွင့် မိန့် ခွန်းပြောကြားခြင်း
ကရင်အမျိုးသားအစည်းအရုံးမှ ပဒိုအားတိုး မိန့် ခွန်းပြောကြားခြင်း
TACDB မှ ဆရာဦးမြင့်ဝေ မိန့် ခွန်းပြောကြားခြင်း
နာယက မန်းဆိင့်ပြင်မှ ကျေးဇူးတင်စကားပြောကြားခြင်း
နာယက မန်းဆိင့်ပြင်မှ TACDB ဆရာဦးမြင့်ဝေကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း

နာယက မန်းဆိင့်ပြင်မှသတင်းနှင့်ပြန်ကြားရေး ထူးချွန်ဆု ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း

OKRSO ဥက္ကဠ မန်းလှသိန်းမှ ကျန်းမာရေးလှုပ်ရှားမှုအသိပညာပေးထူးချွန်ဆုကို ဆရာမနန်းဖေါင်အွာအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း

OKRSO ဥက္ကဠ မန်းလှသိန်းမှ ကျန်းမာရေးလှုပ်ရှားမှုအသိပညာပေးထူးချွန်ဆုကို ဆရာမနန်းသူဇာလွင်အား (ကိုယ်စားနန်းဇာနည်မြင့်) ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း

ကရင်အမျိုးသားအစည်းအရုံးမှပဒိုစောလှထွန်းမှ ပညာရေးလှုပ်ရှားမှုထူးချွန်ဆု နန်းမြင့်အောင်အားပေးအပ်ခြင်း

အဖွဲ့ ဝင်ဟောင်းဦးမြင့်စိုးမှ စာပေနှင့်ယဉ်ကျေးမှုလှုပ်ရှားမှုထူးချွန်ဆု စောဘီးဘီအားပေးအပ်ခြင်း

ဆရာစရှိုင်းမှ စေတနာ့ဝန်ထမ်းဆရာ Mr.Richard အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း

OKRSO ဥက္ကဠ မန်းလှသိန်းမှ ကနေဒါမှခေတ္တခဏပြန်လာသော အလှူရှင် ကိုထွန်းနေရှင်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း


ကရင်စောင်းတူရိယာဖြင့် စ၀်မူလျာ.ဖါန်(မုက္ကဒိ)မှဖျော်ဖြေတင်ဆက်ခြင်း

KUSG ကျောင်းသူမလေး နော်စကီတာဝင်းမှ ပိုးကရင်သီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခြင်း







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment