http://www.thithtoolwin.com/201
မကွေးတိုင်း ဒေသကြီး ၊ပွင့် ဖြူမြို့နယ် ၊ သမန်းအင်းကျေးရွာတွင် ဇူလိုင်လ ၂၅
ရက်နေ့  နံနက်- ၉း၃၀ နာရီ ခွဲ အချိန်ခန့်တွင် လူသတ်မှု တစ်ခုဖြစ်ပွား ခဲ့ပါသည်။
သမန်းအင်း ကျေးရွာ မြောက်ဘက် တွင်ရှိ ဦးလက္ခဏ ဘုန်းတော်ကြီးကျောင်း
ဆောက်လုပ် သည့်နေရာမှ ရွာသို့ ပြန်လာခဲ့ ကြသော အမျိုးသားဒီမို ကရေစီ
အဖွဲ့ဝင်များ ဖြစ်ကြသော ဦးရဲဝင်းနှင့် ဦးကြည်မောင်တို့အား ပြည်ခိုင်ဖြိုးပါတီမှ ဦးဝင်းမောင် ခေါင်းဆောင်သော အဖွဲ့ဝင် ( ၈)ဦးခန့်မှ ၄င်းတို့နှစ်ဦးအား
အပြန်စောင့်ဆိုင်းပြီး ဓားရှည်မျိုးစုံ ဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ပါသည်။
ဦးရဲဝင်းမှာ ဦးခေါင်းပိုင်းပတ်လည် (၁၀ )ချက်နှင့် ညာဘက်လက်မောင်းမှာ
ဒါဏ်ရာကြောင့် ပြတ်လုနီးပါး ဖြစ်နေပါသည်။
ဦးကြည်မောင်၏ လက်တစ်ဖက်ရှိ လက်ချောင်းများမှာလည်း ပြတ်တောက်ခဲ့ပါသည်။
ဦးရဲဝင်းမှာ အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးခဲ့ ကြောင်း Myanmar News Now မှ
သိရှိရပါသည်။
ယင်းဖြစ်ပွားမှုနှင့်ပတ်သက်သိ အကြောင်းအရာများအား ပွင့်ဖြူရဲစခန်းသို့အမှုဖွင့်
တိုင်ကြားခြင်းကိုဦးရဲဝင်း ၏ ဇနီးဖြစ်သူမှ ပြုလုပ်ခဲ့ပါသည်။
ရဲစခန်းမှ ပ/ ၅၄-ပုဒ်မ ( ၃၀၂) ( ၁ ) ( ခ) အရ၄င်း ပုဒ်မ၃၂၆-၁၄၄
အရ၄င်း အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသတင်းရ ရှိပါသည်။

![]() |
| ပြီးခဲ့တဲ့ အာဇာနည်နေ့ က ပွင့်ဖြူ NLD အဖွဲ့ ဝင်များ ချီတက်အလေးပြုခဲ့စဉ် |

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment