30 July 2012

KNU-တပ်မဟာ(၅)လည်း သီးခံနိုင်တော့မည်မဟုတ်

ကိုးဒီသွေးဘလော့မှ

မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးသဘောတူလက်မှတ်ထိုး ထားတာကို အခွင့်ကောင်းယူပြီး တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာဒေသတွေမှာ တပ်အင်အား တိုးချဲ့ခြင်း၊ ရိက္ခာများ အလွယ်တကူပို့ဆောင်နိုင်ရန် လမ်းဖေါက်လုပ်ခြင်း စတာတွေကို ရိုးသားမှုမရှိတဲ့ ကလိမ်ကကျစ်စိတ်အရင်းခံနဲ့ လုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။

ဒါကြောင့်လည်း ငြိမ်းချမ်းရေးသဘောတူလက်မှတ်ရေးထိုးထားပေမဲ့ တိုင်းသားနယ်မြေတွေမှာ ဆက်ပြီး လူ့အခွင့်အရေးချိုးဖေါက်နေရုံသာမက ကျူးကျော်ဝင်ရောက်ရန်စနေဆဲမို့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲဖြစ်နေရဆဲပဲ ဖြစ်ပါတယ်။

ယခုလည်း ကရင်ပြည်နယ်၊ ဖာပွန်မြို့ နယ်မှာရှိတဲ့ မြန်မာစစ်တပ်လက်အောက်ခံ  ကတိုင်တိအခြေစိုက် ရုပ်သေးနယ်ခြားစောင့်တပ် ၁၀၁၃မှ  သုံးရက်ဆက်တိုက်ဖေါက်လုပ်နေသောလမ်း နေရာကို ကေအဲန်ယူ တပ်မဟာ ၅  တပ်ဖွဲ့ တစ်ဖွဲ့ က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ မြေထိုးစက်နှစ်စီးကို ဖေါက်ခွဲဖျက်စီးနိုင်လိုက်  တယ်လို့ ဒေသခံများရဲ့ အဆိုအရ သိရပါတယ်။
ယခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ ဆက်ဆံရေးရုံးခန်းထဲ ညှိနှိုင်းဆွေးနွေးစရာရှိပေမဲ့ မတရားမှုကို တွန်းလှန်တဲ့ KNU အဖွဲ့အစည်းဟာ မိမိတို့ ရပ်တည်ချက်အတိုင်း ဆက်လက်လုပ်ဆောင်မှာသာ ဖြစ်ကြောင်း ဒေသခံတွေက ယုံကြည်နေကြပါတယ်။ 

0 kommentarer:

Post a Comment