မိတ်္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ် နေပူကုန်းကျေးရွာမှ လမ်းဖောက် သည့်ကိစ္စနှင့်ပတ်သက်၍ ဆပ်ခင်း ကျေးရွာမှ မကျေနပ်သဖြင့် တစ်ရွာ နှင့်တစ်ရွာ ရွာလုံးကျွတ် ကလေး၊ လူကြီးမကျန် အုပ်စုလိုက်ခဲဖြင့်ပစ် လောက်လေးများဖြင့်ပစ်ခတ်၍ရဲတပ် သား ၃၀၀ ကျော်ဖြင့် ၀ိုင်းဝန်းထိန်း သိမ်းလိုက်ရသည့်ဖြစ်ရပ်တစ်ခုဇူလိုင် ၁ ရက်ကဖြစ်ပွားခဲ့သည်။
ဖြစ်ပွားပုံမှာ ၀မ်းတွင်းမြို့နယ် အနောက်ဘက် ၁၃ မိုင်အကွာတွင် နေပူကုန်းကျေးရွာနှင့် ဆပ်ခင်းကျေး ရွာနှစ်ရွာရှိသည်။ နေပူကုန်းကျေး ရွာနှင့် ဆပ်ခင်းကျေးရွာတို့မှာ ဘော လုံးကွင်းနှင့် အလကကျောင်းခွဲသာ ခြားသည်။ ထိုနှစ်ရွာမှာ ယခင်က တည်းက လမ်းဖောက်မည့်ကိစ္စနှင့် ပတ်သက်၍ မပြေမလည်ဖြစ်ကာ မြို့နယ်အထိပြဿနာတက်နေသည့် ရွာနှစ်ရွာဖြစ်သည်။ ထိုသို့ပြဿနာ တက်နေသည့်ကြားက ဇွန် ၃၀ ရက် နံနက် ၈ နာရီအချိန်က နေပူကုန်း ကျေးရွာသားများက လမ်းစတင် ဖောက်လုပ်ရာ ဆပ်ခင်ကျေးရွာသူ ကျေးရွာသားများက မကျေမနပ်ဖြစ် ကာ စကားများရန်ဖြစ်ကြသည်။ အ စပထမတွင် ပါးစပ်မှစကားများကြ ရာမှ နောက်ဆုံးရွာနှစ်ရွာမှရွာသူရွာ သားတစ်ဘက် ၄၀၀ ခန့်တို့သည်က လေးလူကြီးမကျန်တစ်ဘက်နှင့်တစ် ဘက် ခဲဖြင်ပစ်ပေါက်၊ လောက်လေး ဖြင့် ပစ်ခတ်သည်အထိကျူးလွန်လာ ကြသည်။
ရွာနှစ်ရွာရန်ဖြစ်ကြရာတွင်ကြား တွင် ဘောလုံးကွင်းကြီးခြားပြီး လောက်လေးဖြင့်ပစ်၊ခဲဖြင့်ပစ်ပေါက် နေရာ ၀မ်းတွင်းမြို့နယ်အုပ်ချုပ်ရေး မှူးဦးကိုကိုထွေးလာရောက်ထိန်းသိမ်း ဖြန်ဖြေသော်လည်း ရန်ပွဲမှာရပ်မ သွားဘဲဆက်လက်၍မရပ်မနားဆက် ဖြစ်နေကြသည့်အတွက်ဝမ်းတွင်းမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုထွေးက မိတ်္ထီလာခရိုင် အုပ်ချုပ်ရေးမှူးဦးစိန် အုပ်ထံတင်ပြခဲ့သည်။ မိတ်္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးစိန်အုပ် ရန်ဖြစ် သည့်ရွာနှစ်ရွာသို့ လာရောက်ကွင်း ဆင်းထိန်းသိမ်းသော်လည်းမရဘဲ ရန်ပွဲမှာပြင်းထန်လာ၍တစ်ဘက်နှင့် တစ်ဘက်လောက်လေး၊ ခဲများဖြင့် အပြင်းအထန်ဆက်လက်ပစ်ခတ်နေ ကြသဖြင့် မိတ်္ထီလာ၊ ၀မ်းတွင်း၊ ပင်း တလဲ၊ မလှိုင်၊ ကျောက်ဆည်မြို့နယ် များမှ ရဲတပ်ဖွဲ့ဝင်များ၊ စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်တို့ဖြင့် ၀ိုင်း ၀န်းထိန်းသိမ်းလိုက်ရသည်။
ဤကဲ့သို့တစ်ဘက်နှင့်တစ်ဘက် ခဲများ၊ လောက်လေးများဖြင့် ပစ် ခတ်ကြသဖြင့် ဆပ်ခင်းကျေးရွာမှကို ခင်မောင်ရင် ၃၅ နှစ်မှာဘယ်ဘက် မျက်လုံးတွင်ဒဏ်ရာရရှိသွားသဖြင့် မန္တလေးဆေးရုံသို့တင်ပို့ထားရသည်။ နေပူကုန်းကျေးရွာမှ ကိုကျော်ညွန့် ၅၅ နှစ်မှာလည်း ၀မ်းဗိုက်တွင်ဒဏ် ရာရရှိသွား၍၀မ်းတွင်းဆေးရုံတွင် အတွင်းလူနာအဖြစ်တက်ရောက်ကု သနေရပြီး နေပူကုန်းရွာမှ ဦးဘိုလှ ၅၃ နှစ်မှာလည်း ပေါင်တွင်ဒဏ်ရာ ရရှိသွားသဖြင့် မန္တလေးဆေးရုံသို့ တင်ပို့ထားရသည်။ ဆပ်ခင်းကျေးရွာ မှ ဦးသန်းထွန်း၊ ဦးသိန်းသန်း၊ ဦးဝင်း မြင့်၊ ဦးမောင်ညွန့်၊ မောင်ဇော်ဇော် အောင်၊ သန်းနိုင်ထွန်း၊ မအိချောပို၊ ကိုနိုင်၊ ကိုအေးလွင်၊ ဦးတင်ငွေ၊ ဦး မောင်ကြီး၊ မောင်သိန်းဘို၊ ဦးဇော်ဦး၊ ဦးညွန့်ဝင်းနှင့် ဦးဇော်လှိုင်တို့တွင် ဦးခေါင်းနှင့်ကိုယ်လုံးတို့တွင် ဒဏ်ရာ အသီးသီးရရှိသွားခဲ့သဖြင့် ၀မ်းတွင်း ဆေးရုံတွင်ပြင်ပလူနာအဖြစ်ပြသခဲ့ ကြရသည်။ နေပူကုန်းကျေးရွာအား ၁၅ ဦးကျော်လည်းဒဏ်ရာအသီးသီး ရရှိသွားခဲ့ကြကာ နေပူကုန်းတိုက် နယ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ ကြသည်ဆို၏။
နေပူကုန်းကျေးရွာနှင့် ဆပ်ခင်း ကျေးရွာလူထုအုပ်စုဖွဲ့၍ ရန်ဖြစ်နေ သည့်နေရာသို့ ဇူလိုင်လ ၁ ရက်နေ့ က မန္တလေးတိုင်းဒေသကြီးလုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၀န် ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ မန္တ လေးတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးအောင် နိုင်သူ၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းနိုင်တို့ အခင်းဖြစ်နေသည့်နေ ရာသို့ စစ်ဆေးကြည့်ရှုကြသည်။ ထို့ နောက် နေပူကုန်းကျေးရွာမှ ရပ်မိ ရပ်ဖ ၂၀ နှင့် ဆပ်ခင်းကျေးရွာမှ ရပ်မိရပ်ဖ ၂၀ တို့အား ဆပ်ခင်းအ လယ်တန်းကျောင်းခွဲ အစည်းအဝေး ခန်းမသို့ဖိတ်ကြား၍ မန္တလေးတိုင်း ဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး၊ မန်္တလေးတိုင်းရဲတပ် ဖွဲ့မှူး ရဲမှူးကြီးအောင်နိုင်သူ၊ မိတ်္ထီ လာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိန်အုပ်တို့မှ ကျေးရွာနှစ်ရွာမှ ရပ် မိရပ်ဖများအား နှစ်ဦးနှစ်ဖက်ကျေ အေးရန်နှင့် ဆက်လက်ရန်မဖြစ်ကြ ရန်တားမြစ်ပြီး ဆက်လက်၍ရန်ပွဲ ကျူးကျော်ဖြစ်နေပါက ဥပဒေအရ ထိရောက်ပြင်းထန်စွာအရေးယူသွား မည်ဖြစ်ကြောင်းအသိပေးပြောကြား ကာ ရပ်မိရပ်ဖများအားဝန်ခံကတိ လက်မှတ်ရေးထိုး၍ ရွာနှစ်ရွာ၏ပြ ဿနာအား ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။
ကျေးရွာနှင့် ရွာအုပ်စုလိုက်က လေးလူကြီးပါမကျန် တစ်ရွာနှင့်တစ် ရွာခဲများ၊ လောက်လေးများဖြင့်ပစ် ခတ်ကြသော်လည်း ကြားတွင်အုတ် တံတိုင်းခတ်ထားသောဘောလုံးကွင်း ကြီးခံနေ၍ လူအသေအပျောက်မရှိ ဘဲ ယခုလောက်အနည်းငယ်သာ ဒဏ်ရာရရှိကြကြောင်းသိရသည်။
9 July 2012
ရွာနှစ်ရွာ ရွာလုံးကျွတ် ခဲပစ်ပေါက်မှုဖြစ်၍ ရဲတပ်သား ၃၀၀ ကျော်ဖြင့်ထိန်းသိမ်းခဲ့ရ
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment