မန္တလေးမြို့ စိန်ပန်းရပ်ကွက် တွင် အိမ်ရှင်မှ ၁၄နှစ်အရွယ် အိမ်အကူ အမျိုးသမီးငယ်အား ခေါင်း၊ လက်၊ ဒူးဒဏ်ရာများရရှိသည်အထိ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။မိုးကုတ်မြို့ စစ်တန်း ကုန်းရပ် နေ အိမ်အကူ အမျိုးသမီးငယ် မတင်နီလာအေးသည် မန္တလေးမြို့ စိန်ပန်းရပ်ကွက် ဆင်တိုင်ရပ်ရှိ နေအိမ်တစ်အိမ်တွင် ခြောက်လ၀န်းကျင်ခန့် အလုပ်လုပ်ကိုင်ခဲ့ပြီး အိမ်ရှင်အမျိုးသမီးမှ ယခုကဲ့သို့ ထိခိုက်ဒဏ်ရာ များရရှိအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အိမ်အကူအမျိုးသမီးငယ် မှ မခံနိုင်သည့်အဆုံး ဒဏ်ရာများနှင့် အိမ်မှထွက်ပြေးခဲ့ရာ ရပ်မိရပ်ဖများက ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး ရဲစခန်း မှတစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ကုသစေကြောင်း သိရသည်။
“ဒီကလေးနေတဲ့အိမ်နဲ့ အစ်မတို့ ထမင်းဆိုင်က တစ်ပြလောက်ဝေးတယ်။ ဆိုင်ကို ထမင်းလာဝယ်တိုင်း တစ်နေ့တစ်မျိုးဆိုသလို ဒဏ်ရာဒဏ်ချက်တွေပါလာတာ တွေ့ရတယ်။ ဒဏ်ရာတွေနဲ့ ထမင်းလာဝယ်တာ ကို သတိထားမိတာ ငါးရက်လောက်ရှိပြီ။ တစ်ရက် ဆိုင်ရှေ့မှာ မူးလဲကျ သွားတာမြင်တော့ ရပ်ကွက်ထဲက လူတွေက ဘာဖြစ်တာလဲဆိုပြီး ကြည့်လိုက်တော့ သူဖြစ်နေတာတွေ့ရတယ်။ အရင်ဆုံး ဆေးခန်းကိုပို့တော့ ဆေးခန်းက လက်မခံရဲတာနဲ့ ရပ်ကွက်က နေတစ်ဆင့် ရဲစခန်းကို အကြောင်းကြားပြီး ဆေးရုံကြီးကို ပို့ပေးခဲ့ရတယ်”ဟု စိန်ပန်းလမ်းမကြီး၊ စာတိုက်တန်းရပ်ရှိ ထမင်းဆိုင်မှမသိန်းသိန်းက ပြောကြားပါသည်။
အဆိုပါဖြစ်နှင့် ပတ်သက်၍ အိမ်အကူ အမျိုးသမီးငယ် မတင်နီလာအေး က “အဲ့ဒီအိမ်မှာ သမီးအလုပ်လုပ်တာ ခြောက်လရှိပြီ။ အ၀တ်လျှော်၊ တံမြက်စည်းလှည်း၊ ကြမ်းတိုက်တာ တွေ လုပ်ရတယ်။ အိမ်မှာက သမီးကိုရိုက်တဲ့ အိမ်ရှင်အမျိုးသမီးရယ်၊ သူ့ အမေရယ်၊ သူ့အမျိုးသားရယ် သုံးယောက်ရှိတယ်။ တံမြက်စည်းလှည်း တာ မပြောင်ရင် တံမြက်စည်းနဲ့ ရိုက်တယ်။ တစ်ခါတလေ စိတ်မထင်ရင် မထင်သလို တုတ်နဲ့ရိုက်တယ်။ မီးကြွေအိုးတိုက်တဲ့အခါ ပြန့်အောင် ဘယ်လိုတိုက်ရမလဲလို့ နားမလည်လို့ ပြန်မေးတော့ နင့်ခြေထောက်ပြ ဆိုပြီး ခြေထောက်ကို မီးကြွေအိုးနဲ့ ရှပ်တိုက်တယ်။ အင်္ကျီလျှော်တာ မပြောင်လို့ဆိုပြီး လက်ကိုသံဘရပ်နဲ့ ခြစ်တာတို့ ထိုင်ခုံနဲ့ခေါင်းကိုရိုက်တာ တွေလုပ်တယ်။ အဲဒီအရင်က ကြက်သွန်ဖြူခွာတာ မခွာတတ်လို့ဆိုပြီး ရေပုံးနဲ့ခေါင်းကို ရိုက်ထားသေးတယ်။ အရင်ကခုံနဲ့ရိုက်ထားလို့ ရောင်နေတဲ့အချိန် ရေပုံးနဲ့ထပ်ရိုက်တော့ ခေါင်းကွဲသွားတာ ခုနစ်ချက်ချုပ်လိုက်ရတယ်”ဟုရှင်းပြသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍မဟာ အောင်မြေမြို့နယ်၊အမှတ်(၇)ရဲစခန်း က အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ရှိကြောင်းသိရသည်။
By: Weekly Eleven News Journal






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment