|
ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ အဓိက အဓိကရုဏ်း ဖြစ်စေအောင် သွေးထိုးလှုံ့ဆော်ဖန်တီးပေးသူဖြစ်သည့် ဘင်္ဂလီမူဆလင် ဦးခင်မောင်လှသည် ရန်ကုန်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရရှိသည်။စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင်အဓိကရိုဏ်းတွင် အဓိက ဦးဆောင်ခဲ့သူ ဦးခင်မောင်လှသည် စစ်တွေမြို့ နာဇီဈေးတွင် ဈေးအကောက်ခွန်ကို လေလံဆွဲထားသူ တစ်ဦးဖြစ်ပြီး၊ ယင်းဈေးတွင် နွားသတ်လိုင်စင်ကို အာဏာပိုင်များဖြင့်ပူးပေါင်း၍ ၁၀နှစ်ကျော်ခန့် ရရှိထားသူလည်းဖြစ်ကြောင်းသိရှိရသည်။
“သူက နာဇီဈေး (စက်ရုံစုရပ်ကွက်)မှာ -၁၀-နှစ်ကျော်လောက်နွးသားသတ်လိုင်စင်ကို ထောက်လှမ်းရေးနဲ့ ကပ်ပေါင်းပြီး တဦးတည်းလေလံဆွဲခွင့် ရထားသူဖြစ်တယ်။ ငွေကြေးတောင့်တင်းသူမို့  ရဲ တွေထောက်လှမ်းရေးတွေဟာ သူ့ တပည့်လုံးလုံးဖြစ်ကြရတယ်။ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲမှာ စစ်တွေမြို့ နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ခဲ့တယ်။ အခုအဖမ်းဆီး ခံနေရတဲ့ AFZက ရှေ့နေဦးကျော်လှအောင်နဲ့  အတူတူ ၀င်ရောက်ခဲ့ကြတာဖြစ်တယ်။ လန်ဒန်က ထွန်းခင်၊ ၀ါကာအူဒင်၊ ဘစိန်၊ မောင်စိန်၊ နုရုအာလမ်တို့နဲ့ အဆက်သွယ်တွေလည်းရှိတယ်။ မနေ့က ဖမ်းဆီးရမိတဲ့ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးအယောင်ဆောင် သင်္ကန်းစည်းပြီး နေအိမ်တွေကို မီးရှို့ နေတာတွေ၊ လူသတ်နေတာတွေကို အကွက်ကျကျလုပ်ဖို့ စေခိုင်းနေတာဖြစ်တယ်။ မနေ့က မွတ်ဆလင် ဘင်္ဂလီ ပြောတဲ့ဖြောင့်ချက်အရ သူက ရခိုင်လူမျိုးတဦးကို လည်လှီးပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ရတယ်။ ဒီလိုသတ်ဖြတ်ဖို့အတွက် ဦးခင်မောင်လှက အမိန့်ပေးခဲ့တယ်လို့  ဖြောင့်ချက်ပေးနေတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာအဓိကရုဏ်းဖြစ်အောင် ဖန်တီးနေတဲ့ ဦးခင်မောင်လှကို အမြန်ဆုံးဖမ်းဆီးနိုင်မှဖြစ်မယ်။ သူက အခု ရန်ကုန်ကို တိမ်းရှောင် ရောက်ရှိနေပြီး ရန်ကုန်ကဘဲ ကြိုးကိုင် စေခိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။”ဟု ကိုခိုင်ထွန်းမှ အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
စစ်တွေတွင် မေလ ၇ရက်၊ ၂၀၁၂ခုနှစ်က ဦးခင်မောင်လှ လေလံဆွဲထားသော နာဇီဈေးတွင် ဈေးအကောက်ခွန်မြင့်တက်နေမှုနှင့် ဈေးသည်များ၏အခက်အခဲပြဿနာများကိုဖြေရှင်းပေးရန် ဈေးသည်များ ရခိုင်ပြည်ဝန်ကြီးချူပ်အိမ်အထိ ချီတက်ပြီး ဈေးအကောက်ခွန်လျှော့ချရန်နှင့် ၄င်းတို့၏အခက်အခဲများကိုဖြေရှင်းပေးရန် တောင်းဆိုခဲ့ရကြောင်း၊ ဦးခင်မောင်လှမှာ ဒေသခံအာဏာပိုင်များအား လာဒ်ငွေအမြောက်အမြားပေးပြီး အာဏာပိုင်များမှတစ်ဆင့် ဒေသခံရခိုင်တိုင်းရင်းသား ဈေးသည်များအား မတရားဈေးခွန်ကောက်မှုများ ပြုလုပ်ခဲ့သူလည်း ဖြစ်ကြောင်း သိရှိရသည်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment