ကျောင်းထိုင် ခန့်အပ်ရေး အတွက် ဘန်ကောက် မြန်မာသံရုံးက သံအမတ်
ကြီးနဲ့အဖွဲ့ ဒီကနေ့ ဘုန်းကြီး ကျောင်းကို လာရောက် လေ့လာပါတယ်။
မြန်မာသံအမတ် ဦးတင်ဝင်းနဲ့အဖွဲ့ဟာ ဝပ်ဆိုင်းမွန်းကျောင်းက မြန်မာ
သံဃာတွေ၊ ဝပ်ဆိုင်းမွန်း မြန်မာဗုဒ္ဓဘာသာ အသင်းဝင်တွေ၊ ချင်းမိုင် အခြေစိုက်
စေတနာ နာရေးကူညီမှု အသင်းဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံကြရာမှာ မြန်မာဘုန်းတော်ကြီးတပါး ကျောင်းထိုင်ထားရှိရေးနဲ့
ပတ်သက်ပြီး မြန်မာသံရုံး အနေနဲ့ အတတ်နိုင်ဆုံး ကူညီမယ်၊ နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်လည်း မကြာခင် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးလာဖို့ ရှိတာကြောင့်
ဒီအကြောင်း သမ္မတကို တင်ပြမယ်လို့ သံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။
"အချက်လက်တွေရှာခိုင်းတော့ မြန်မာဘုန်တော်ကြီးကျောင်းက တရာကျော်တောင်
ရှိတာလေ ။ တဖြည်းဖြည်း လျော့လာတာ အခုကအရမ်းနဲသွားပြီ။ ဒီမှာဆို ဒီတကျောင်းပဲ
ကျန်တော့တာကို ၊ နည်းလမ်းတခုကတော့ သမ္မတကြီး ခရီးစဉ်ရှိတယ်။ သမ္မတကြီး
ခရီးစဉ်မှာ သမ္မတကြီးနဲ့ ဒီဘက်က ဝန်ကြီးချုပ်နဲ့ ပြောကြဆိုကြဆိုတဲ့ အခါမှာ အဲဒါလေး
ထည့်ပြောဖို့ဆိုတာ ကျနော် သမ္မတကြီးကို တင်ပြမယ်လေ။ သမ္မတကြီးက အကြမ်းဖျင်း
တော့ သိထားတာ ရှိမယ်ထင်တယ်။"
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံကို လာရောက်
လည်ပတ်မှာဖြစ်ပြီး ဒီအကြောင်းကို စာနဲ့ကြိုတင် အစီရင်ခံမယ်
လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ဝပ်ဆိုင်းမွန်း ဆရာတော် ဦးအာသဘ ပျံလွန်ခဲ့ပြီး
တဲ့နောက် ထိုင်းသံဃာ့နာယက အဖွဲ့က ဒီကျောင်းမှာ ထိုင်းဆရာတော်တပါး
ကျောင်းထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ချင်းမိုင်မှာ မြန်မာပြည်သား ဗုဒ္ဓဘာသာဝင် ၂ သိန်းလောက် ရှိတာကြောင့် မိမိတို့
ရိုးရာအစဉ်လာ အတိုင်း ဝပ်ဆိုင်းမွန်းကျောင်းမှာ မြန်မာသံဃာတွေ
ကပဲ အုပ်ချုပ်ဖို့ မြန်တွေဘက်က တောင်းဆိုနေကြတာပါ။
မြန်မာနိုင်ငံ သံဃမဟာနာယက အဖွဲ့ကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း
လေးရာကျော်ကတည်းက မြန်မာ ဘုန်းတော်ကြီးတွေ အဆက်ဆက်
ကျောင်းထိုင်ခဲ့တဲ့ ဒီကျောင်းမှာ မြန်မာသံဃာတွေပဲ ဆက်လက်
ကျောင်းထိုင်ခွင့်ရရေး အကူညီပေးဖို့ ဘန်ကောက်က မြန်မာသံရုံးကို ပြီးခဲ့တဲ့လက
စာပို့ထားကြောင်း သိရပါတယ်။
RFA Burmese







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment