|
ဇူလိုင်လ ၁၅ရက်နေ့က ဘင်္ဂလီမူဆလင်စက်လှေတစ်စီးဖြင့် မြန်မာရေတပ်စခန်းမှ ရေယဉ် ၅၅၄ နှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယင်းဘဂလီမူဆလင်စက်လှေအား မြန်မာရေတပ်မှ ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ဘင်္ဂလာပင်လယ်အော်မှ စစ်တွေမြို့သို့ ဘင်္ဂလီမူဆလင် စက်လှေ ၈စီးခန့် ၀င်ရောက်လာကြောင်း သတင်းရရှိသဖြင့် မြန်မာရေတပ်မှ ပင်လယ်ပြင်အတွင်း လိုက်လံရှာဖွေရာ၊ စစ်တွေမြို့ပွိုင့်ကမ်းခြေနှင့် ရေမိုင် ၂မိုင် အကွာတွင် ဘင်္ဂလီမူဆလင်စက်လှေတစ်စီးအား တွေ့ရှိ၍ ယင်းစက်လှေအား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ယင်းစက်လှေမှ မရပ်တန့်ဘဲ ထွက်ပြေးသဖြင့် မြန်မာရေတပ်မှ စတင်ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။
“ ပင်လယ်ထဲကို စက်လှေတွေ ၀င်လာတာ သတင်းရလို့၊ နေဗီက လိုက်ရှာနေတာ၊ပွိုင့်ကမ်းခြေနဲ့ ရေမိုင်၂မိုင်လောက်အကွာမှာ စက်လှေတစ်စီးကို သွားတွေ့တယ်။ နေဗီက သူတို့ကိုရပ်ခိုင်းတာ မရပ်တော့ နေဗီက စပစ်တာပေါ့၊ အဲဒီစက်လှေကလည်း နေဗီကို ပြန်ပစ်တယ်တဲ့၊ စက်လှေက ဘင်္ဂလီမူဆလင်တစ်ယောက်ကိုထိသွားတဲ့အခါကျမှ စက်လှေကိုရပ်ပေးတယ် ” ဟု Arakan Times သတင်းထောက် ရွှေဘန်း(စစ်တွေ)မှ ပြောသည်။
ထိုသို့ ပစ်ခတ်ပြီးနောက် မြန်မာရေတပ်မှ ဘင်္ဂလီမူဆလင်စက်လှေအား စီးနင်းဖမ်းဆီးချိန်တွင် သေနတ်များကို ရေထဲသို့ ပစ်ချလိုက်ကြောင်း၊ မြန်မာရေတပ်မှ ယင်းစက်လှေပါ ဘင်္ဂလီမူဆလင် ၆ဦးကို ယမန်နေ့ညနေ ၄နာရီခွဲတွင်ဖမ်းဆီးထားပြီး သေနတ်ဒဏ်ရာ ရရှိသူတစ်ဦးကို ဆေးရုံသို့ပို့ထားကြောင်း သိရှိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment