|
စစ်တွေမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူ ၂၉ ဦးနှင့်အတူ လူသတ်လက်နက်မျိုးစုံတို့အား သက်ဆိုင်ရာမှ သောကြာနေ့က ဖမ်းဆီးရမိကြောင်း သိရှိရသည်။ယင်းဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်နယ်စပ်လုံခြုံရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဦးထိန်လင်းက စနေနေ့က ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ၊ ရခိုင်ပြည်နယ် အစိုးရပြန်ကြားရေးအဖွဲ့မှ သတင်းစာရှင်းလင်းပွဲတွင် တရားဝင်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုပေါက်စက အခုလိုရှင်းပြသည်။
သူပြောခဲ့တာက " သောကြာနေ့ညဥ့်မှာ သင်္ကာမကင်းဖြစ်လို့ လိုက်ရှာတော့ သောင်းကျန်းသူ ကုလားတွေ ဖြစ်နေတယ်၊ သူတို့မှာ ပေါက်ကွဲပစ္စည်း ၂၅ ခု၊ ပုလင်းခွံ ၃၄ လုံး ဗုံး၊ ဓါးရှည်၊ ၊ ဓါတ်ဆီ၊ လှံစတဲ့ လက်နက်တွေကို ကိုင်ဆောင်ပြီး ဖမ်းဆီးမိခဲ့တာ၊ ပထမဆုံး ၂၃ ဦးကို ကုလားတန်အ၀မှာ ဖမ်းဆီးခဲ့တာ၊ နောက် ၆ ဦးကို မှောင်ရိပ်အတွင်းက ဖမ်းဆီးမိခဲ့တာ၊ စုစုပေါင်း ၂၉ဦးဖြစ်ပါတယ်၊ ကျွန်တော်တို့ ဥပဒေအရ အရေးယူသွားမှာပါ၊ နောက်ထပ်လုံးဝစိုးရိမ်စရာများ မရှိပါဘူး " ဟု ၀န်ကြီး ဗိုလ်မှူးကြီး ဦးထိန်လင်း ရှင်းလင်းခဲ့သည့် မှတ်ချက်များကိုသူက ရှင်းပြခြင်းဖြစ်သည်။
ရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ Al Qaedaနှင့် ဆက်နွယ်နေမှုများ ရှိနေသည့်ဟု သတင်းများပျံ့နှံ့လာမှုနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်ရုံးတွင် ပြည်နယ်အစိုးရပြန်ကြားရေးမှ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်နယ်စပ်ဒေသလုံခြုံရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးလှသိန်းတို့က တာဝန်ယူ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းပြောသည်။
"ဇွန် ၈ ရက်ကနေ ၁၃ ရက်နေ့ထိ စုစုပေါင်း သေဆုံးမှု ၂၉ ဦးသာ ရှိခဲ့ကြောင်းပြောခဲ့ပါတယ်၊ ၃၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထပ်လိမ်ခဲ့ပါတယ်၊ အိမ်မီးလောင်တာ ၂၅၂၈ အိမ်လို့ဆိုခဲ့ပါတယ်၊ ဒါကုလားအိမ်တွေ အပါအ၀င်သူပြောခဲ့တာပါ၊ ကျနော်လည်းအသေအချာ မှတ်ယူခဲ့ပါတယ်၊ သူတို့ဘာမှမလုပ်ဘဲနဲ့ ဒုက္ခသည်တွေအတွက် ၃၇ နေရာ ချထားပေးခဲ့တယ်လို့ပြောခဲ့တယ်၊ ဒါအားလုံးသိပြီးသားဘဲ၊ ဒီမှာ ဘင်္ဂလီမူဆလင်-ရခိုင်ဒုက္ခသည်တွေ စာရင်းကို စာရွက်ကြည့်ပြီး ပြောခဲ့တယ်၊ စုစုပေါင်း ၂၄၅၇၆ ဦးလို့ရှင်းခဲ့တယ်။"ဟု ကိုပေါက်စက ရှင်းပြသည်။
ပဋိပက္ခအတွင်း စစ်တွေမြို့နယ်တွင် ဒုက္ခသည်စခန်းပေါင်း ၁၈ ခုခန့်ရှိခဲ့ကြောင်း၊ သီးသန့်ရခိုင်ပြည်သူ ဒုက္ခသည်ဦးရေမှာ ၃၀,၀၀၀ ကျော်ရှိခဲ့ကြောင်းနှင့် ဦးထိန်လင်း ရှင်းပြခဲ့သည့် ဒုက္ခသည်စရင်းမှာ ကွာဟမှုများ အများအပြားရှိနေကြောင်း စစ်တွေမြို့မှ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ ကျောင်းဆရာတစ်ဦးက အတည်ပြု ပြောကြားသည်။
ကိုပေါက်စက " အဓိကရုဏ်းမှာ သေဆုံးသူ ရခိုင်အမျိုးသား ၁၃ ဦးနှင့် မြန်မာဘင်္ဂလီ ၁၆ တို့သေဆုံးခဲ့ကြောင်း၊ စုစုပေါင်း ၂၅၂၈ နေအိမ်မီးလောင် ကျွမ်းသွားသည့်အနက် ၁၁၉၂ အိမ်မှာ ရခိုင်အမျိုးသားအိမ်ဖြစ်ကြောင်းနှင့် ၁၃၃၆ အိမ်မှာ မြန်မာဘင်္ဂလီ အိမ်များဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ မူဆလင်ဝတ်ပြုကျောင်း ၇ ကျောင်းနှင့် စာသင်ကျောင်း တစ်ကျောင်း မီးလောင် ပျက်စီးခဲ့သည့်အပြင် ရသေ့တောင်မှာ ဒုက္ခသည်ခုံလုံဖို့စခန်း ၁၄ ခုရှိခဲ့ကြောင်း၊ ရခိုင်အမျိုးသားတွေက ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းတွေမှာ ၃၁၀၄ ဦးဖြစ်ကြောင်း၊ ပုဏ္ဏားကျွန်း စခန်း ၄ ခုထဲမှာ ၂၇၀၄ ဦးဖြစ်ကြောင်း၊ ပေါက်တော မူဆလင်စခန်းနှစ်ခုမှာ ၁၅၀၀ ဒုက္ခသည်ရှိခဲ့ကြောင်း။" ရှင်းလင်းပွဲတွင် ဦးထိန်လင်းမှ ယင်းကဲ့သို့ ပြောခဲ့ကြောင်းဆိုသည်။
ဝန်ကြီး ဦးထိန်လင်းမှာ လုံခြုံရေးအတွက် အာမခံကတိများ ပေးခဲ့သော်လည်း ရှင်းလင်းပွဲကို နားလည်မှုပုံစံများဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် တည်ငြိမ်အေးချမ်းနေပြီးဖြစ်ကြောင်း ၀ါဒဖြန့်ခဲ့သည့်သဘော ရှင်းလင်းခဲ့ကြောင်း ကျောင်းဆရာကပြောသည်။
ထို့ပြင် သတင်းသမားများက ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှသိန်းအား အဓိကမေးမြန်းခဲ့သည့် Al Qaeda အကြမ်းဖက်သမားများနှင့် ဘင်္ဂလီမူဆလင် ဆက်နွယ်နေမှု ရှိမရှိနှင့်၊ UNနှင့် INGO၀န်ထမ်းများအား ဖမ်းဆီးထားမှုရှိမရှိများကို အသေးစိပ်ဖြေကြား ရှင်းလင်းမှုများ မရှိခဲ့ဟု ကိုပေါက်စက ပြောသည်။
ပဋိပက္ခကာလအတွင်း စစ်တွေမြို့ မူဆလင်ဝတ်ပြုကျောင်းများက လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်တွင်း၊ ပြည်ပသတင်းများတွင် ဖေါ်ပြခဲ့သည်။
သို့သော်လည်း ၀န်ကြီးချုပ် ဦးလှသိန်းအနေဖြင့် ယင်းဖမ်းဆီးရမိခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် လက်နက်အရေအတွက်ကိုလည်း မသိရှိကြောင်း၊ အဓိကရုဏ်းအတွင်း ရှုံးဆုံးမှုများသာဖြစ်ပေါ်ခဲ့ကြောင်းနှင့် ထပ်မံပြီးမဖြစ်စေလိုကြောင်း စကားလွဲ၍ ဖြေကြားခဲ့သည်ဟု ဆိုသည်။
ပဋိပက္ခဖြစ်ပွားခဲ့သည့် မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ပုဏားကျွန်းမြို့နှင့် တခြားမြို့နယ်များတွင် စိုးရိမ်မှုများ ဒေသခံများအကြား ရှိနေသည့်အပြင် အငိုက်မိခိုအောင်းဝင်ရောက် အကြမ်းဖက်တိုက်ခိုက်မှုများကို အကြမ်းဖက်သမားများက ယခုအချိန်ထိ ကြိုးပမ်းလျက်ရှိနေကြောင်း ကိုပေါက်စက ပြောသည်။
"မိုးရွာနေတယ် ဒီနေ့မီးလာတိုက်ဖို့မဖြစ်နိုင်ဘူးလို့ လုံးဝယုံကြည်လို့မရတဲ့ အခြေအနေပါ၊ ညဖက်လူစုပြီးထွက်စောင့်ဖို့ကလည်း အဖမ်းခံ ရမှာဖြစ်ပါတယ်၊ ရှင်းလင်းပွဲနေ့က ဗိုလ်မှူးကြီး ထိန်လင်း ပြောသွားခဲ့တာက တည်ငြိမ်သွားပြီ၊ ဆိုင်၊ ဘဏ်၊ ရုံးတွေဖွင့်နေပြီ၊ လုံခြုံရေး အတွက်အာမခံတယ်၊ အားလုံးကိုထိမ်းချုပ်နိုင်အောင် စီမံပြုလုပ်ထားကြောင်း ပြောခဲ့ပါတယ်၊ ဒါပေမဲ့ဒေသခံတွေမှာ စိုးရိမ်မှုတွေတော့ ဘယ်သူ့မှာမှ ကင်းကွာတာ မရှိသေးဘူး၊ သာမန်တော့ ဈေးဆိုင်ကအစ ဖွင့်နေတာ မှန်ပါတယ်၊ သေဆုံးပျက်စီးရှုံးဆုံးမှုတွေကို ရှင်းပြခဲ့တာ သူရှင်းတာနဲ့ သိပ်ပြီးကွာဟမှုတွေ ဖြစ်နိုင်ပါတယ်၊ လက်တွေ့စာရင်းက မိမိတို့ကသာလုပ်ရမှာပါ"ဟု နောက်ဆုံးရှင်းပြ သွားသည်။
လွန်ခဲ့သောအပတ်က မောင်တောမြို့နယ် အမှတ်(၅)ရပ်ကွက်မှ အကြမ်းဖက်သမားများအား သက်ဆိုင်ရာမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းကိုလည်း မောင်တောဒေသခံမျက်မြင်များကဆိုသည်။









စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment