http://www.thithtoolwin.com/
ငြိမ်းချမ်းရေး ဆိုသော စကားလုံးသည် အလွန်လှပါသည် ။ ကြားရသူအပေါင်း`၏ နားတွင်လဲ အလွန်မဂ်လာရှိပါ ။ ကျက်သရေလဲ ရှိပါ`၏ ။ခက်နေသည်က ငြိမ်းချမ်းရေး ဆိုသော ယာဉ်ကြီးကို လောင်စာဆီထည့်မမောင်းနှင်ဘဲ ခေါင်းဆောင်များက ဝိုင်းပြီးတွန်နေခြင်းဖြစ်သည် ။ တိုင်းရင်းသား စစ်ဘေးဒုက္ခသည်များ နှင့် ပြည်သူတွေက ထိုယဉ်ကို စီးဘို့ စောင့်နေကြသည် ။ စောင့်ရင်းနှင့် သေတွင်းကို ခုန်ဆင်းနေကြရသော ဒုက္ခသည်တွေရဲ့  အသက်တွေလဲ မနဲလှပေ ။ထိုကဲ့သို့ ဆက်ပြီး တွန်းနေမည်ဆိုလျှင် ဆက်မတွေးရဲ စရာပင် . . ငြိမ်းချမ်းရေး ယာဉ် အတွက်လောင်စာဆီက ဒုက္ခသည်တွေရဲ့  အသက်အိုးအိမ် ပေးဆပ်နေသလို ဖြစ်နေပြီ ။အခက်အခဲများ ရှိမည်ကို တွေးမိပါသည် ။ ထိုအခက်အခဲများ ဖြေရှင်းနိုင်သော နည်းလမ်းမှာ နှစ်ဘက်ခေါင်းဆောင်များ အတ္တတွေဖြေလျှော့ ပြီး ဒုက္ခရောက်နေသော ပြည်သူတွေဂရုနာနှင့် ကိုယ်ချင်းစာတရားထားလိုက်လျှင် ငြိမ်းချမ်းရေးယာဉ်ကြီး ခရီးနှင်လို့ ရမည်မှာ အသေအချာ ပင် ဖြစ်ပါသည် ။
ငြိမ်းချမ်းရေး ယာဉ်အတွက် လိုနေသော လောင်စာမှာ မေတ္တာ ၊ ဂရုဏာ ၊ စေတနာ ဆိုသော လောင်စာများ ပင်ဖြစ်ပါသည် ။ထိုလောင်စာများ ထည့်ပြီး မောင်းနှင်ပါက လိုရာခရီးကို အချိန်တို အတွင်း ရောက်မည်မှာ မလွဲ ဧကန် ဖြစ်ပါသည် ။
by - zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment