![]() |
| ပြဿနာကို ဖြေရှင်းပေးမှုတစ်စုံတစ်ရာပြုလုပ်ခြင်းမရှိပါဘဲ၊ ဆန္ဒပြနေသူများအား မထီမဲ့မြင်ပြု လုပ်နေသော တရုတ်နိုင်ငံသားတစ်ဦး |
ကြေးနီသတ္တုတူးဖေါ်ရေး စီမံကိန်းလုပ်ငန်းခွင်က ထွက်တဲ့ 
စွန့် ပစ်မြေစာတွေကို အနီးတ၀ိုက်က လယ်မြေတွေပေါ်မှာ စုပုံတဲ့ အတွက် စိုက်ပျိုး
မြေတွေ ပျက်စီးရတာကို ဒေသခံရွာတွေက ဇွန်လ (၃) ၂၀၁၂ နေ့ က နေ့ ရောညပါ
အဲဒီ စီမံကိန်းဆိုက်ထဲ မှာ ကန့်ကွက် ဆန္ဒပြကြတယ်လို့ သိရပါတယ်။
ဝက်မှေး ၊ ကန်တော ၊ ဆည်ထဲ ၊ ဇီးတော ၊ အောင်ချမ်းစည် ၊ ကျော်ရွာ ၊ ဖေါင်းကား ၊
ရွှေလှေ ၊ ကျွန်တောချောင်း စတဲ့  အနီးတ၀ိုက် က ရွာတွေက ဒေသခံ အင်အား ၇၀၀ ကျော်
ပါဝင် ဆန္ဒပြကြတာဖြစ်ပါတယ်။
အခုလို ဆန္ဒပြနေကြတာကို တရုတ်လူမျိုး ကုမ္ပဏီ ၀န်ထမ်း က ဒေသခံ
ရွာသားတွေကို အကြမ်းဖက်သလို ရိုင်းပြတဲ့  အပြုအမူတွေနဲ့ လည်း
စော်ကားတယ်ခဲ့ပါတယ်။
မိမိတို့ ရဲ့ တောင်းဆိုချက်တွေကို အာဏာပိုင်တွေက မလိုက်လျော မချင်း နေ့ ရောညပါ
ဆန္ဒပြသွားမယ်လို့  ဒေသခံရွာသားတွေက Myanmar News Now ကို ပြောပြကြ ပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment